Tuesday, January 01, 2013

လဂျားယန်၏ အမြင့်ဆုံး တောင်ကုန်း ဖြစ်တဲ့ ၇၇၁ တောင်ကုန်းအား သိမ်း ပိုက်နိုင်မှု

Posted by drmyochit Tuesday, January 01, 2013, under | 1 comment

ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျား ယန်တောင်ကြော ကအမြင့် ဆုံးတောင် ကုန်းဖြစ် တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်း ကြီး အပါအ၀င် လက်နက် ငယ် နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။

ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ KIA စစ်သည်ေ တွရဲ့ အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါး တွေ တိုက်ပြီး အသေခံ တိုက်ခိုင်းခဲ့ပါတယ် ပိုပြီးဝမ်းနည်းဖို့ကောင်းတာ KIA စစ်သားတစ်ချို့ကို ထွက်ပြေး လို့ မရအောင် ခြေထောက်တွေကိုသံကြိုးနဲ့သော့ခတ်ပြီး အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက် အထား ဓာတ်ပုံေ တွလဲ ရှိပါတယ် ဆက်ပြီးပေးပို့သွားပါမယ်။ မူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု ကိုလည်း အသေးစိတ် စာရင်း ကိုပြုစုနေပါတယ်။ သိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းနဲ့ မှုးယစ်ဆေးဝါးတွေ များလွန်း လို့ စာရင်း မချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့ ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေး တွေ သုံးထားတာ ကိုတွေ့ ရပါတယ်။ 
Yan Naing Aung စာမျက်နှာမှ



လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။ စခန်း သိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကိုငဲ့ညာပြီးမတင်တော့ပါဘူး။

သေဆုံးသူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာ။


1 comments:

အ များ ပြည် သူ အေး ချမ်း စွာနေ ထိုင် နိုင် ဖို့ အ သက် ပေး တိုက် ပွဲ ၀င် နေ တဲ့ တပ် မ တော် သား များ ကို လေး စား ဂုဏ် ယူ လျက် ပါ။ ဘေး ကင်း ကြ ပါစေ။ အောင် ပွဲ အ လီ လီ ရ ပါ စေ။ အများ အ ကျိုး တိုး တက် ထမ်း ဆောင် နိုငိ ပါစေ။ ကျ ဆုံး သွား တဲ့ တိုင်း ပြည် အ တွက် အ သက် စွန့်  သွား တဲ့ သူ ရဲ ကောင်း စစ် သည် များ ကောင်း ရာ ဘုံ ဘ၀ ရောက် ပါ စေ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်