Tuesday, January 01, 2013

ကချင်စစ်ပွဲ ရပ်ဆိုတာကို ရပ် (၂)

Posted by drmyochit Tuesday, January 01, 2013, under | 1 comment


နောက်ထပ် တစ်ကြိမ် လိုင်ဇာ နားကို မြန်မာ့ တပ်မတော်က ချဉ်းကပ်မိပြန်လေပြီ။ ပထမ တစ်ကြိမ် တွင်ေ တာ့ ကေအိုင်အေက ကုလသမဂ္ဂဆီ တိုင်ကြားသည်။ မြန်မာ သမ္မတကြီးက ထိုးစစ်ရပ်ဟု အမိန့်ပေးသည်။ ထို သမ္မတကြီး၏ ညွှန်ကြားချက်ကို နားလည်လက်ခံပြီး ရန်ကုန်မှ အလုပ်မရှိသူများ၊ သင်္ကြန်မှာ ပြင်ထား သည့် ပန့်ကေများ ထုတ်သုံးချင်သူများက ကချင်စစ်ပွဲရပ် ဆိုပြီး လမ်းပေါ်ထွက် ဆူပူကြသည်။ နောက်တော့ ကေအိုင်အေမှ တံတားများ၊ မီးရထားလမ်းများ ဗုံးခွဲသည်။ ပြည်သူများကို အဓမ္မ လူသစ်စုသည်။ ရဲစခန်းကို ၀င်စီးသည်။ ဒါတွေသည်ကား ပထမထိုးစစ်ရပ် ဆိုသည့် အမိန့်၏ နောက်ဆက်တွဲများသာ။

ဒီလို မိုင်းထောင် ဖျက်ဆီးခဲ့ကြစဉ်က ရပ်လို့ အော်ခဲ့သလား

လွတ်လပ်ရေး ရပြီးစဉ်ကတည်းက ဗကပ သောင်းကျန်းသူကို တိုက်ရသည်။ ဘိန်းဘုရင်များကို တိုက်ရ သည်။ တိုင်း ရင်းသား အစွန်းရောက်များကို တိုက်ရသည်။ ကချင်ဒုက္ခသည် စခန်း မပေါ်ခင် ကရင်ဒုက္ခ သည် စခန်းများ ထိုင်းနိုင်ငံတွင် ရှိသည်။ အကြမ်းဖက် သောင်းကျန်းသူတို့ အင်အားစုရာ၊ ကျောင်းသား အမည်ခံ တို့ ရန်ပုံငွေ ရှာ ဖွေရာ ရွှေတွင်းကြီး၊ ပြည်တွင်း အတိုက်အခံတို့၏ ကျောထောက်နောက်ခံ အပြည့် ရှိသည့် နေရာမို့ အသံ မထွက်။ ကရင်ပြည်နယ်အတွင်း ဘယ်နေရာ တိုက်ပွဲဖြစ်ဖြစ်၊ ဒုက္ခသည် စခန်း များ မထိလျှင် ပြီးရော အားလုံး မျက်ကွယ် ပြုခဲ့ကြသည်။ ထိုအချိန်အတွင်း ယခု ကချင်စစ်ပွဲ ရပ်စေ ချင် သူများ ထောင်ထဲတွင် ထောင်ထမင်း စားကောင်းတုန်း၊ ရောဂါမျိုးစုံပြပြီး အလှူငွေများ၊ ဆုတံဆိပ်များ မျှော်လင့်နေတုန်းပင်။

ဒီလို ကျဆုံးစစ်သည်ရှေ့မှာ ဓာတ်ပုံရိုက်ခဲ့သည်ကို ရပ်လို့ တစ်ခွန်း အော်ခဲ့သလား

ထိုးစစ်ရပ် ဆိုသည့် အမိန့် နောက်ကွယ်တွင် စစ်သားများ သေကြေဒဏ်ရာ ရသည်။ ထို ဒဏ်ရာရ သူများ၊ ဖမ်းဆီး မိသူများကို ရုပ်သံရိုက်၊ အင်တာနက်ပေါ်တင် အပုပ်ချကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ တပ်မေ တ်ာကို စော်ကားသည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးသည်။ ထိုအချိန်တွင် မြအေးတို့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်ကို လက်မခံ လုပ်သည်။ မင်းကိုနိုင်တို့ နယ်တစ်ကာလှည့် အစိုးရ အပုပ်ချသည့် အလုပ်ကို လုပ်သည်။ ကွေးကောက်နေအောင် ကပြီး မြစ်ကြီးနား၊ဖားကန့် လည်ပတ်ကာ ပြန်လာခဲ့ကြသည်။

ဒီလို တောထဲမှာ ကင်မရာတစ်ဖက်၊ မိုင်းတစ်ဖက် ကိုင်သူတွေကို ရပ်ခိုင်းခဲ့သလား


ကေအိုင်အို ခေါင်းဆောင်တို့သည် နိုင်ငံရေး အရ ဆွေးနွေးမှုကိုလည်း ဦးဆောင် မလုပ်နိုင်၊ စစ်ရေးအရ ဆုံး ဖြတ်ချက်များကို လည်း ချမှတ်နိုင်ခြင်းမရှိ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဂွမ်မော် မတက်သည်ကိုလည်း ဘယ် မီဒီယာ၊ ဘယ် နိုင်ငံရေးသမားမှ ပြစ်တင်ဝေဖန်ခြင်း မရှိ။ တိုင်းမှူးမှ တံတားဆောက်၊ လမ်းဖောက် ရန် အတွက် တောင်းပန် ပြောဆိုခဲ့သည်ကိုလည်း အလေးမထားခဲ့ကြ။ 

ကချင်ပြည်နယ်တွင် ကချင်လူမျိုး အများအပြားနေထိုင်ပြီး လိုင်ဇာ တစ်နေရာမှ ကချင်အဖြစ် သတ်မှတ်ခြင်း မှာ ကချင်လူမျိုးအကျိုးထက် နိုင်ငံရေး အမြတ်ထုတ်ဖို့က ပို၍များသည်။ ကေအိုင်အိုကဲ့သို့ လိုင်ဇာ တစ် ကွက် မှ နေသည့် အဖွဲ့ကို ကချင်တစ်ပြည်နယ်လုံး အာဏာလွှဲအပ်ပေးရန် တောင်းဆိုပေးကြသည်။ လက် နက် ကိုင် တပ်ဖွဲ့ ၂ခုကို ဘယ်လို အုပ်ချုပ်မည် ဆိုသည့် ဦးနှောက်မရှိ။ 


စခန်းအတွင်းတွင် သေနတ်မကိုင် ကင်မရာကိုင်သူတွေကို ရပ်ခိုင်းခဲ့သလား


ကာကွယ်ရေး အသုံးစရိတ်ကို အော်ကြသည်။ တပ်မတော်(လေ)၏ လေယာဉ် တစ်စီး တန်ဖိုးကို မစဉ်းစား၊ တပ်မတော် (ရေ)၏ ရေယာဉ်တစ်စီး တန်ဖိုးကို နားမလည်။ လေကြောင်းရန်တပ်ဖွဲ့၊ သံချပ်ကာတင့်ကား တပ်ဖွဲ့ များ၏ အင်အားအတွက် ၀ယ်ယူရသည့် အသုံးစရိတ်များကို တွက်ချက်ခြင်း မပြုဘဲ ကာကွယ်ရေး အသုံး စရိတ် များ စစ်ပွဲတွင် အသုံးပြုနေကြောင်း ကျယ်ကျယ်လောင်လောင်ထွက်သည်။ ကမ္ဘာ့နိုင်ငံများမှ နေ့စဉ် ပစ်ခတ်စဉ် လေ့ကျင့်သည့် ကျည်များ၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေး မဟုတ်၊ သူများနိုင်ငံ ပြည်တွင်းစစ် များအတွက် ပံ့ပိုးပေးနေ သည့် ဒီမိုကရေစီ နိုင်ငံများကို ထို အချိန်တွင်တော့ မမြင်ကြတော့။


ဒီလို ဒဏ်ရာရ ခံစားရသူတွေရဲ့ မျက်ရည်တွေကို ရပ်လို့ တစ်ခွန်း အားပေးခဲ့သလား


နေ့စဉ်နှင့် အမျှ ရင်ဆိုင်နေရသည့် ရခိုင်တစ်မျိုးသားလုံး၏ ဘင်္ဂလီ ကိစ္စအတွက် ကြေငြာချက် တစ်စောင် ထုတ်၊ ရခိုင်ပြည်သွားရောက် လည်ပတ်ဖို့ မစဉ်းစားရဲသူများက အလွမ်းသင့်ကေအိုင်အေ အဖေများအတွက် စိတ်ပူကြ သည်။ရခိုင်ပြည် မတည်ငြိမ်သလို ကေအိုင်အေကြောင့် နိုင်ငံတော်အလံ မီးလောင်သည်ကိုလည်း မတွေ့ကြ သေး။


ဒီလို နိုင်ငံတော်အလံကို ဖျက်ဆီးတာကို ရပ်လို့ တစ်ခွန်း ပြောခဲ့ကြသလား



ကချင်ပြည်နယ် မပြောနှင့် ပြည်တွင်းမှာတွင် ၀န်ထမ်းလုပ်ဖူးခြင်း မရှိ။ စစ်သား လုပ်ဖူးခြင်း မရှိသူများက စစ်ရေး သုံးသပ်ကြသည်။ စစ်ပွဲအကြောင်း ဝေဖန်ကြသည်။ နောင်တစ်ချိန် တာဝန်ထမ်းဆောင်ကြမည့် ပြည် သူ့ ၀န်ထမ်းများအတွက်တော့ တစ်ခွန်းပင်မဟ။ ကေအိုင်အေ တံတားခွဲ၊ မိုင်းထောင် လုပ်ချိန်က ဓာတ်ပုံ အထောက် အထားများ၊ ကေအိုင်အေ၏ ကိုယ်တိုင် ၀န်ခံမှုများကို မြင်တွေ့နေပါလျှက် အသံတစ် ချက် မထွက် သူများက မမြင်ဖူးသည့် စစ်မြေပြင်က ထူးဆန်းသည့် လက်နက်များကို ပြောသည်။ ထောင်ထွက် သာသာ အဆင့်ရှိသူများက ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်မေးချင်သည်။


ဟောဒီလို တိုင်းရင်းသားတွေ စည်းလုံးမှု အမြဲရှိနေဖို့ ပြည်တွင်းဆူပူမှုတွေ ရပ်ခဲ့သလား


ကချင်ပြည်နယ် အရေးသည် လတ်တလော အရေးအခင်း မဟုတ်။ သယံဇာတ ကြွယ်ဝသည့် နိုင်ငံ့မြေ ပိုင် နက် အား ရှေးယခင်ကတည်းက ပြည်ပ ကျူးကျော်ချင်သည့် အရိပ်အယောင်များ ပြခဲ့ဖူးသည်။ အချိန် မေ ရွး နည်း လမ်း မျိုးစုံဖြင့် ၀င်ရောက်ရန် ကြံစည်နေသည်။ ကချင်ပြည်နယ် တစ်ခုလုံး တည်ငြိမ်အေး ချမ်းရေး အတွက် ထာဝရ ဖော်ဆောင်နိုင်မည့် လမ်းစသာ ဖြစ်သည်။ ၀မ်ပေါင် သမ္မတနိုင်ငံ ထူထောင်ချင်သည့် အိမ်မက်ကို အပြီး သတ်ကာ မျိုးနွယ်စုအားလုံးပါဝင်သည့် ကချင်ပြည်နယ်ကြီးအဖြစ် ပြည်ထောင်စု မြန် မာနိုင်ငံ တွင် တည်ရှိနေ နိုင်သည့် တစ်မျိုးသားလုံး အရေးပင် ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေးသည် လက် တစ် ကမ်း အလိုတွင်မို့ မယောင်ရာဆီလူး သူများ ကို ထပ်ပြီး ပြောလိုက်ချင်သည်။


Opposite Eyes

1 comments:

ကောင်းတယ်ဗျာ....ကျွန်တော်အကြွင်းမဲ့ ထောက်ခံပါတယ်...အမြဲတမ်းအစိုးရ အလျှော့ ပေးတာ ကို ဒီကောင်တွေက အလိုက်မသိဘူး...ယောင်းဝါးတွေ ကိုထောင်တည်း ထဲ့ပြီး KIA ကို အမြစ်ပြတ်ချေမှုန်းပြစ်သင့်တယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်