Tuesday, January 01, 2013

အမှောင်ဖုံးနေသော ရခိုင်ပြည်

Posted by drmyochit Tuesday, January 01, 2013, under | No comments


"အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်သည် ရခိုင် သမိုင်း၊ စာပေယဉ်ကျေးမှု၊ လူမှု စီးပွား အခြေ အနေ များနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆိုလိုရင်းနှင့် အဓိပ္ပါယ်ထိထိ မိမိရှိအောင် စုစည်းတင်ပြထားသော ရခိုင် လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ရလဖတဖ)မှ ရခိုင်ဘုရင့်နိုင်ငံတော် အချူပ်အခြာ အာဏာ ကျဆုံးသည့် (၂၂၈)နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေလိုက်သော စာအုပ် တစ်အုပ် ဖြစ်သည်။

ဤစာအုပ်တွင် ရခိုင်ပြည်သမိုင်းအကျဉ်း၊ ဗမာနယ်ချဲ့အောက် ကျရောက်ခဲ့သည့် ရခိုင်ပြည်၊ မြန်မာပြည် လွတ်လပ် ရပြီး ရခိုင်ပြည်၊ စစ်အစိုးရအဆက်ဆက် ရခိုင်ပြည်၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ယခုလက်ရှိ ဦးသိန်းစိန် စိုးရလက်ထက် ရခိုင်ပြည် စသည့် အပိုင်းကြီး ၅ ပိုင်းဖြင့် ရခိုင်ပြည်၏ လူမှု စီးပွား အခြေ အနေ များနှင့် နိုင်ငံရေးဖြတ်သန်းမှုများကို ပုံဖော်ရေးသားထားသည်ကို တွေ့ရသည်။

ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်၏ သမိုင်းကိုအကျဉ်းချူပ်ဖော်ပြထားပြီး ရခိုင် ဘုရင့် နိုင်ငံတော်ကြီး စည်းလုံးမှုနှင့် အုပ်ချူပ်ရေး စနစ်ယိမ်းယိုင်နေခြင်းကို အခွင့်ကောင်းယူကာ ဗမာ ဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကျွန်ပြုခြင်းကို ခံခဲ့ရသော ရခိုင်ပြည်သူတို့၏ ဘဝအခြေအနေနှင့် သူ့ကျွန်မ ခံတော်လှန်သည့် အခြေအနေများကို ဖော်ပြထားသည်။

ဗမာနယ်ချဲ့အောက်မှ တစ်ဖန် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာတွင် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် အင်္ဂလိပ်နှင့်ပူးပေါင်းကာ ဗမာကို တော်လှန်ခဲ့ကြသော်လည်း ကုလားဖြူ အင်္ဂလိပ် များ၏ လိမ်လည်ခဲ့မှုကြောင့် ဆုံးရှုံးနေသော လွတ်လပ်ရေး ပြန်လည်မရှိနိုင်ခဲ့သည်များအား စုစည်းဖော်ပြ ထားသည်ကိုလည်း တွေ့ရှိရသည်။

မြန်မာ့လွတ်လပ်ရေးအတွက် ရခိုင်လူမျိုးများ အသက်သွေးချွေးများရင်းကာ ကြိုးပမ်းခဲ့ကြသော်လည်း လွတ်လပ်ရေး ရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် ရခိုင်အမျိုးသားခေါင်းဆောင်တို့ အပယ်ခံဘဝသို့ ကျရောက် ခဲ့ရမှုများနှင့် အချူပ်အခြာ အာဏာပိုင်နိုင်ငံအဆင့်ကနေ ပြည်နယ်အဆင့်ကိုတောင် တောင်းဆို၍ မရရှိနိုင်ခဲ့သောရခိုင်ပြည်၏ သမိုင်းအချိုးအကွေး ဖြစ်စဉ်များနှင့် ရခိုင်ပြည်သူများ၏ ဘဝအခြေ အနေများကို သုံးသပ်တင်ပြထားသည်များမှာ ယနေ့လူငယ်များအဖို့ သမိုင်းသင်ခန်းစာအဖြစ် မှတ်ယူ စရာများလည်းပါဝင်နေသည်ကို တွေ့ရှိရသည်။

မြန်မာစစ်အစိုးရအဆက်ဆက် ရခိုင်ပြည်ရှိ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတများကို ထုတ်ယူရောင်း ချကာ ရခိုင်ပြည်သူတို့အား ဖိနှိပ်အုပ်ချူပ်နေမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံ စီမံကိန်းများနောက်ကွယ်တွင် ဆိုးဝါးသော ဒုက္ခ္ခ္ခများကို ခါးခါးသီးသီးခံစားနေရသော ရခိုင်ပြည်သူတို့၏ လူမှုစီးပွား ဘဝအခြေအနေများကိုလည်း ဤစာအုပ်ထဲတွင် ဖတ်ရှုနိုင်သည်။ 

၎င်းအပြင် ရခိုင်ပြည်မှ သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူ ရောင်းချနေမှုများကြောင့် ရခိုင် ပြည်အနှံ့ တောတောင်များပြုန်းတီးလာမူ၊ ဇီဝမျိုးကွဲများ ပျောက်ကွယ်လာမှုများ၊


ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနေသည်ကိုလည်း အတိုင်းအတာတစ်ခုထိ ထောက်ပြဝေဖန်ထားသည်ကိုလည်း ဤ "အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်တွင် တွေ့ရသည်။


၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်သူများ အတိဒုက္ခ္ခ ရောက်ခဲ့ရပုံနှင့် ယနေ့ထက်တိုင် မုန်တိုင်းဒါဏ်ကို အလူးအလဲခံလိုက်ရသော အထူးသဖြင့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်များမှ ရခိုင်ပြည်သူများ၏ လူမှုဘဝအခြေအနေများကိုလည်း စုစည်း တင်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ဂီရိမုန်တိုင်းပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲပြုလုပ်သည့်အခါ ဂီရိမုန်တိုင်းဒါဏ်သင့် ရခိုင်ပြည်သူ များ၏ စားဝတ်နေရေးအတွက် အတိဒုက္ခရောက်နေကြသည်ကို အခွင့်ကောင်း ယူ၍ပြည်ထောင် စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မည်သို့မည်ပုံ မဲခိုး၊ မဲလိမ်၊ မဲမသမာမှုများလုပ်ခဲ့သည်ကိုလည်း သုံးသပ်ဝေ ဖန် ထောက်ပြထားသည့်အတွက် ရခိုင် ပြည်သူများအပါဝင် မြန်မာနိုင်ငံရှိ တစ်ခြား တိုင်းရင်း သားပြည် သူများ လည်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ပေသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သော ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ပေါ်လာရခြင်းမှာ ဘင်္ဂလီ ကုလားများ၏ ရခိုင်ပြည်ကို နယ်ချဲ့သိမ်းပိုက်ရန်ကြိုးပမ်းမှုများနှင့် ကြိုးပမ်းလာခဲ့မှုများကို ဓမ္မဓိဌာန်ကျကျ ထောက်ပြဝေ ဖန် သုံးသပ် ဖော်ပြထားသည်များမှာ အလွန်ထိရောက်မှုရှိလှသည်။ 

ထို့နောက် ဇွန်လအရေးခင်းနှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော တကျော့ပြန် ကုလား-ရခိုင်အဓိက ရုဏ်းများ ၏ ရခိုင်ပြည်သူများသေကြေ ဒါဏ်ရာရရှိမှုများ၊ ဒုက္ခသည်များ အဖြစ်ရောက်ခဲ့ရပုံနှင့် ဦးသိန်းစိန် အစိုးရ ၏ မဟာဗျူဟာများကို သုံးသပ်တင်ပြထားသည်ကိုလည်း တွေ့ရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာသည့် ရခိုင်အမျိုးသားနိုင်ငံရေးပါတီများ၏ အခြေ အနေများနှင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြင်ဆင်ရမည့်အခြေအနေများနှင့် စိန်ခေါ်မှု များရှိ လာနိုင် သည်များကို စိတ်ဝင်စားဖွယ် သုံးသပ်ဖော်ပြထားပြီး 

မိမိတို့ရခိုင်အမျိုးသားပါတီနှစ်ခုကြား တစ်ပေါင်းတစ်စည်းတည်း ဖြစ်မလာနိုင်သည့်တိုင်အောင်၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မှီနှင့် ရွေးကောက်ပွဲကာလတွင် မိမိတို့အမျိုးသား အကျိုးစီးပွားကိုရှေ့ရှု၍ဆောင်ရန်၊ ရှောင်ရန်၊ 

ကြိုတင်ပြင် ဆင်သင့်သည်များနှင့် လုပ်ဆောင်သင့်သည်များကို အကြံပြုတိုက်တွန်းထားသည်များမှာလည်း ရခိုင်နိုင်ငံရေးခေါင်းဆောင်များနှင့် အများပြည်သူများအဖို့ဗဟုသုတအဖြစ် လေ့လာမှတ်သားသင့်ပေသည်။

လူ့အခွင့်အရေးနှင့် တိုင်းရင်းသားဖြစ်ရေး တောင်းဆိုနေကြသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် နိုင်ငံတကာရောက် ပညာတတ်တစ်ချို့၏ သမိုင်းလိမ်များ၊ 

ရခိုင်ပြည်နယ်မြေဒေသ တစ်ချို့အား ဖဲ့ထုတ်ရန်ကြိုးစားနေမှုများနှင့် နည်းအမျိုးမျိုးဖြင့် ရခိုင်ပြည် သူများအား လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အကျဉ်းချူပ် ဖော်ပြထားသည်မှာလည်း အများပြည် သူများ အတွက် လေ့လာမှတ်သားဖွယ်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေး အစရှိသည်များကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် 

၈၈လူထုအုန်ကြွမှုကြီးနှင့် ရွှေဝါရောင်တော်လှန်းရေးဟု နာမည်ကျော်ကြားသည့် လူထုလှုပ်ရှားမှုများတွင် ရခိုင်ပြည် သူများနှင့် ရခိုင်သံဃာတော်များအနေဖြင့် မည်သို့မည်ပုံ ပါဝင်ကြိုးပမ်း လှုပ်ရှားခဲ့ကြသည့် သမိုင်း တစိတ် တဒေသအား ဖော်ပြထားသည်ကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရသည်။

ရခိုင်ပြည် တစ်နံတစ်လျားတွင် စစ်တပ်များအဆမတန် တိုးချဲ့မှုကြောင့် ရခိုင်ပြည်အနှံ မြေယာများ သိမ်းဆည်း ခံရမှုများအပြင် တစ်ခြားလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့်ရခိုင်ပြည်သူများ၏ ဘဝပုံ ရိပ် တစိတ်တဒေသအား ထင်ဟပ်လာအောင် ဤစာအုပ်က စုစည်းဖော်ပြထားသည်မှာလည်း အများပြည် သူ များအတွက် စိတ်ဝင်စားစရာ ဖြစ်စေပါသည်။

အချူပ်ပြောရမည်ဆိုလျှင် ရခိုင်ပြည်ပထဝီအနေအထား၊ သဘာဝအရင်းအမြစ်များ၊ လူမှုစီး ပွား အခြေ အနေ များ၊ ရိုးရာအစဉ်အလာ၊ ကျန်းမာရေးနှင့် ပညာရေး၊ 

လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ရခိုင်ပြည်ရှိ ဖွံ့တိုးတက်ရေးစီမံကိန်းများ အစရှိသည့် ရခိုင်ပြည်နှင့် ပက်သက်သမျှ အကြောင်းအရာအလုံးစုံကို ခြုံငုံသိရှိလိုသော ရခိုင်ပြည်သူများအပါအဝင် မြန်မာတိုင်းရင်း သားတိုင်း ဤ "အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်ကို လေ့လာဖတ်ရှုသင့်ပါကြောင်း တိုက်တွင်း နှိုးဆော်တင်ပြလိုက်ရပါသည်။

မှတ်ချက် ။ ။ Arakan Times 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်