Tuesday, January 01, 2013

နိုင်ငံခြားသားဆက်သွယ်မှုများ ကြားဖြတ်ဖမ်းယူနားထောင်ခွင့် အမေရိကန်လွှတ်တော် သက်တမ်းတိုး

Posted by drmyochit Tuesday, January 01, 2013, under | No comments

အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံခြားသားတွေရဲ့ တယ်လီဖုန်း စကားပြောဆိုမှုတွေနဲ့ အင်တာနက် ဆက် သွယ်ရေး တွေကို ပြည်ထောင်စု အစိုးရက ၀ရမ်းမလိုဘဲ ကြားဖြတ် နားထောင်ခွင့်ပြုတဲ့ ဥပဒေကို နောက် ထပ် ၅ နှစ်သက်တမ်း တိုးမြှင့်ရေး အထက်လွှတ်တော်က မဲအများစုနဲ့ မနေ့က အတည်ပြု လိုက် ပါတယ်။


Foreign Intelligence Surveillance Act နိုင်ငံခြားသားတွေ အပေါ် စောင့်ကြည့် ထောက်လှမ်းတဲ့ ဥပဒေ ကို အောက် လွှတ်တော်ကနေ ဒီနှစ်ဆန်းပိုင်းက အတည်ပြု ခဲ့ပြီး ဖြစ်ပါတယ်။ မနေ့က သောကြာနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက အထူး ထောက်ခံခဲ့ကြရာမှာ ၇၃ မဲ ၂၃ မဲနဲ့ အတည်ြ ပုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီဥပဒေကို သမ္မတအိုဘားမားက လက်မှတ်ရေးထိုးပြဌာန်းဖို့ တင်ပြထား ပြီး ဖြစ်ပါတယ်။


ဒီဥပဒေကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းမှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အကြမ်းဖက်သမားနဲ့ ဆက်သွယ်တယ်လို့ မသင်္ကာတဲ့လူတွေကို ထောက်လှမ်း ဖို့ အတွက် ပြဌာန်းခဲ့တာလို့ ဆိုပါတယ်။


ထောက်လှမ်းသူတွေက တရားရေးဌာနရဲ့ သဘောတူညီချက်မလိုဘဲ ကြားဖြတ် နားထောင်လို့ရတဲ့ အ တွက် အစိုးရက ဒီဥပဒေကို အလွဲသုံးစား လုပ်နိုင်တဲ့အတွက် ပြည်သူတွေရဲ့ အတွင်းရေးနဲ့ ကိုယ်ရေး ကိုယ် တာ ကိစ္စရပ်တွေမှာ အနှောက်အယှက် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။


ဗွီအိုအေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်