လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ ဘယ်လိုမှနေလို့မရတော့ တဲ့အတွက် ထွက်ပြေးနေကြရခြင်း ဖြစ်ပါတယ်။ အစိုးရတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လိုင်ဇာ ဌာနချုပ်အနီးတ၀ိုက်ကို အဆက်မပြတ် ကျရောက်ပေါက်ကွဲ နေတဲ့အတွက် ခုလိုမျိုး စွန့်လွှတ်ထွက်ပြေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ချန်ထားရှိခဲ့တဲ့ တပ်ဖွဲ့တွေဟာ အသေခံတိုက်ခိုက်လိုစိတ် မရှိဘဲ စွန့်ခွါနေတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံထဲမှာ ရောက်နေတဲ့ KIA ခေါင်းဆောင်တွေက ထွက်ပြေးတဲ့သူတွေကို ပစ်သတ်ဖို့ ဒီကနေ့အမိန့်ထုတ်ပြန် လိုက်ပါတယ်။
အခုအခါမှတော့ လိုင်ဇာဌာနချုပ်မှာရှိနေတဲ့ ကချင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်ကဘယ်လိုပဲ အမိန့် ပေးပေး လိုက်နာမှုမရှိတော့ပါဘူး။ ဘယ်တပ်ဖွဲ့ဝင်ကမှလဲ အသေခံတိုက်ခိုက်ဖို့ မစဉ်းစားကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ခေါင်းဆောင်တွေကိုယ်နှိုက်က ထွက်ပြေးနေတဲ့အတွက် ကျန်တဲ့သူတွေလဲ ဘေးလွှတ်ရာကို ပြေးနေကြတာဖြစ်ပါတယ်။ အောက်ခြေက KIA တပ်ဖွဲ့ဝင်အများစုကတော့ လိုင်စင်ပို့ ကိုလဲ အစိုးရတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရအုံးမှာဖြစ်တဲ့အတွက် ထိတ်လန့် သွေးပျက်နေကြပါတယ်။ သူတို့အတွက်သေဖို့ ထက် နေဖို့ကို ဦးစားပေး စဉ်းစားကြရတော့မှာဖြစ်တယ်လို့ KIA စစ်သားတစ်ဦးက ပြောပြပါတယ်။
Kachin Daily News
Time in Rangoon

0 comments:
Post a Comment