Tuesday, January 15, 2013

ရှငေါ်ရွာအနီးရှိ ရွှေမှော်မှ လုပ်သားများအား ကေအိုင်အေမှ ဖမ်းဆီး ခေါ်ဆောင်

Posted by drmyochit Tuesday, January 15, 2013, under | No comments

ဝိုင်းမော် ဇန်န၀ါရီ ၁၄ရက်
ဇန်န၀ါရီ ၁၂ရက်နေ့ နံနက် ၁၀ နာရီလောက်က ၀ိုင်းမော်မြို့ နယ် ရှငေါ်ရွာ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွှေမှော တွေ မှာ အလုပ်လုပ်နေတဲ့ သူတွေ ကို ကေအိုင်အေ အဖွဲ့ မှဖမ်း ဆီးသွားကြောင်းသိရှိရသည်။ ဖမ်းဆီး သွားတဲ့ သူတွေ ကို ကား၂ စီးနဲ့ ချီဖွေဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားပါ သည်။ ကား၂စီးကိုရှငေါ်နဲ့ ၂မိုင် အကွာ အရောက် တွင် ပြန်လည် လွတ်ပေး ခဲ့သည်ဟု သိရှိရသည်။ ပြန်လွတ် လိုက်သည့် ကားသမား၏ ပြောပြချက် အရ ယောကျာ်းမိန်းမ ၅၀လောက် ရှိကြောင်း ဖမ်းဆီးခြင်း ခံရသူများသည် ရှငေါ်ရွာမှ ၂၀ နှင့် ၃၀ ကျော် လူလတ် ပိုင်များဖြစ်သည်ဟု ဆိုပါသည်။ 

““ ဖမ်းသွားသည့်သူများကို စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းမှာ ပါဘဲ ယောကျာ်းတွေကို စစ်တိုက် ခိုင်းတာ တော့ ဟုတ်ပါပြီး မိန်းကလေးတွေပါ ဖမ်းသွားတော့ သူတို့ကဘာလုပ်မှာလဲ သူတို့ ခြေတော်တင် လုပ်ဖို့လား တရုတ်ကို ရောင်းစားဖို့လား ဆိုတာကိုတော့ မပြောတက်ပါ ”” လို့ ကားသမားက ဆိုပါသည်။ ဖမ်းသွားတဲ့ သူတွေကို ရွာမှသူတွေက စိတ်ပူပန်လျက်ရှိကြောင်းသိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်