Tuesday, January 15, 2013

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲခိုက်သည့်အတွက် ခရီးသည်များ အခက်ကြုံ

Posted by drmyochit Tuesday, January 15, 2013, under , | No comments

ဇန်န၀ါရီလ ၁၅ရက်
အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထားလမ်းတံတားအား ကေအိုင်အေမှ ည ၈နာရီ ၁၀မိနစ်က မိုင်းခွဲခဲ့ ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေ လည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်းလည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့ သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေးတို့ စုန်ဆင်းလာသော ၃၈ အစုန် အိပ်စင် ရထား နဘား ဘူတာနားမရောက်ခင်မှာဖြစ်တဲ့အတွက်ကြောင့် ရထားထိခိုက်မှုမရှိခဲ့ပေမယ် ရထား ကို နဘားဘူတာတွင် ရပ်နားထားရပါသည်။ အခုချိန်မှ တံတားကို တာဝန် ရှိသူတွေ သွားရောက်ပြင် ဆင်နေ သည်ဟု သိရှိရသည်။

မီးရထားလမ်းတံတားကို ကေအိုင်အေမှ ဖျက်ဆီးခဲ့သောကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးသလို ခရီး သည်များ လည်း အခက် အခဲတွေနဲ့ကြုံတွေ့နေရပါသည်။ မီးရထားရောက်ချိန်ထက်စောပြီး မိုင်းခွဲခဲ့တာပဲ ကံကောင်း တယ်လို့ ပြောရမှာပဲ မီးရထားသာ တံတားပေါ်ရောက်နေချိန် မိုင်းခွဲမယ်ဆိုရင် ခရီးသည်တွေ လည်း ထိခိုက်သေဆုံးမှုတွေရှိနိုင်သည်ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ ကေအိုင်အေမှ ဒီလအတွင်း ရထားလမ်းမိုင်းခွဲမှုမှာ ၄ကြိမ်ရှိနေပြီး ခရီးသည် ၁၀ဦး ကျော်ထိခိုက် ဒဏ်ရမှုတွေ ရှိနေသည် ဟုသိရှိ ရသည်။


From: Kachin Daily News


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်