Tuesday, January 15, 2013

ပြည်တွင်း နာမည်ကြီး မီဒီယာ ၀က်ဆိုဒ်များ တိုက်ခိုက် ခံရသော်လည်း အံ့သြ သင့်ဖွယ် သည်းခံ လျှက်ရှိ

Posted by drmyochit Tuesday, January 15, 2013, under , | No comments




ကချင်ပြည်နယ် အတွင်း အပစ် အခတ် ရပ်စဲမှု ပျက်ပျယ် ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီးနောက် ၂၀၁၂ အ ကုန် ပိုင်းမှ စ၍ ပြည်တွင်း နာမည်ကြီး မီဒီယာတို့၏ အင်တာနက် စာမျက်နှာ များအား အသိပေး ကြေငြာ ကာ တိုက်ခိုက်မှု များ ပြုလုပ် လျှက်ရှိသည်။ ထို တိုက်ခိုက်မှု များကို ခံခဲ့ရသည့် ဂျာနယ် အင်တာနက် စာ မျက်နှာ များမှာ Eleven, The Voice, 7 Days, ပြည်ပ မီဒီယာ ဧရာဝတီ တို့ဖြစ်သည်။


7 Days ဂျာနယ်အား တိုက်ခိုက်မှု တွင်မူ ဘင်္ဂလီ အသားပေး ဖော်ပြမှု များနှင့် မြန်မာ Hacker အဖွဲ့ တစ်ခုဖြစ် သည့် BHG အဖွဲ့တစ်ခုအား စော်ကား ခြင်းကြောင့်ဟု ဖော်ပြထား သော်လည်း ကချင်ပြည်နယ် အတွင်း ကေအိုင်အေ ဘက်လိုက် ရေးသားမှု များကြောင့် တိုက်ခိုက်သည်ဟု အချို့ စာမျက်နှာ များတွင် ဖော်ပြထား သည်။

The Voice Weekly ဂျာနယ်နှင့် Eleven Media တို့၏ စာမျက်နှာ များတွင်မူ ကေအိုင်အေနှင့် ပတ်သက်သော သတင်းများအား ကေအိုင်အေ အကြိုက် ရေးသား ဖော်ပြပေးမှု များကြောင့် မကျေမနပ် ပြောဆိုမှု များအား တွေ့မြင်ရ သည်။ မှတ်ချက် Comment ရေးသားသူများအား ရေးသားခွင့် ပိတ်ပင်ခြင်း၊ ကေအိုင်အေ သတင်း များ ကို ဘက်လိုက် ဖော်ပြမှုများ ပြုလုပ်ခြင်းတို့ကြောင့် ထိုနာမည်ကြီး ဂျာနယ် ၂ ခု၏ စာမျက်နှာအား တိုက်ခိုက် မည်ဟု Myanmarexpress.net  နှင့် Oppositeye.info တို့တွင် ဖော်ပြထားကာ အဆိုပါ စာမျက် နှာများ တွင် ဖော်ပြထားသည့် တိုက်ခိုက်သည့် Page Link များတွင်လည်း ၀င်ရောက်နေသူများ ရှိကြောင်း သိရသည်။

မြန်မာ မီဒီယာများ အနေဖြင့် သတင်းထောက် တစ်ဦးအား စော်ကားလျှင် ဖြစ်စေ၊ သတင်း တစ်ပုဒ်အား ဝေဖန်လျှင် ဖြစ်စေ လိုက်လံ ရှင်းလင်းမှု၊ အသိပေး မှုများ ရှိသော်လည်း ယခုလို အင်တာနက် စာမျက်နှာများ တိုက်ခိုက်ခံ ရမှုအတွက် တစ်စုံတစ်ရာ ရှင်းလင်းခြင်း မပြုဘဲ ငြိမ်သက် လျှက် ရှိသည်။

Oppositeyes.info တွင် ဖော်ပြထားသည့် ဆောင်းပါး တစ်ပုဒ်ပါ အချက် များအရ အဆိုပါ ဂျာနယ်ကြီး ၂ ခုမှလွဲ၍ ကျန်သည့် နာမည်ကြီးဂျာနယ်များမှာ ယခင်ဗိုလ်ချုပ်ကြီးဟောင်း သားသမီးများနှင့် ဆက်စပ် ပတ် သက်ရာ ဂျာနယ်များ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးအား မေးမြန်းရာ The Voice တို့ weekly တို့ စာမျက်နှာတွေကို တိုက်ခိုက် ကြတယ်ဆိုတာ ကျွန်တော်တို့ လည်း သိပါတယ်။

တိုက်ခိုက်ရတဲ့ အကြောင်း ကလည်း ရှင်းရှင်း လေးပါ။ လိုင်ဇာ ထိသွားပြီး ကေအိုင်အေ သတင်းယူတယ်။ မြို့ပေါ်မှာ မိုင်းခွဲ၊ ဗုံးထောင်၊ လူသတ် တာတွေကို ဓာတ်ပုံ မတင်နိုင်ဘူး။ သတင်း မဖော်ပြနိုင်ဘူး။ ဒီအတွက် သူတို့ကို တိုက်ခိုက် တယ်လို့ ပြောတော့ သူတို့ ဘယ်ဖော်ပြရဲမလဲ။ ဘယ်ရှင်းလင်းရဲမလဲ။ ကိုယ်မှားတော့ ကြိတ်ခံရတာပေါ့ လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
Eleven မီဒီယာမှ ဒေါက်တာ သန်းထွဋ်အောင်မှာ ကားတင်သွင်းခွင့် ကိစ္စတွင် ကားဈေးနှုန်း ကမောက်ကမ ဖြစ်အောင် ပြုလုပ်ခြင်းနှင့် လက်ပံတောင်း ကိစ္စတွင် အစိုးရကို အပုပ်ချ တိုက်ခိုက်ခြင်း၊ ကေအိုင်အေ ဘက်လိုက် ရေးသားခြင်းများ ပြုလုပ် လျှက်ရှိသည်။ The Voice ဂျာနယ်မှ အယ်ဒီတာ တစ်ဦးမှာ ကချင်လူမျိုး ဖြစ်ပြီး လူမျိုးရေး ခွဲခြားမှုများ၊ ကေအိုင်အေ ဘက်လိုက် ရေးသား မှုများကို သိသိ သာသာ ရေးသား ဖော်ပြသည့် စာမျက်နှာ ဖြစ်သည်။

၎င်းတို့၏ အင်တာနက် စာမျက်နှာများအား ကြေငြာ တိုက်ခိုက်မှု များအတွက် အသံ တစ်စုံ တစ်ရာ မထွက် သကဲ့သို့ အဆိုပါ ကေအိုင်အေ ဘက်လိုက် သတင်းများ ရေးသားမှု အတွက်လည်း အစိုးရမှ ပြောဆိုခြင်း မရှိပေ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်