Tuesday, January 15, 2013

Elven Media group ထောင်ထဲမှ မထွက်ဘဲ နေရမည့် ဆက်သွယ်ရေး ဥပဒေ အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များ

Posted by drmyochit Tuesday, January 15, 2013, under | No comments

၃၃။ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ် မှု တစ်ရပ်ရပ်ကို ကျူးလွန်ေ ကြာင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်း ဆုံး (၇)နှစ်မှ အများဆုံး (၁၅) နှစ်အထိ ချမှတ်ရမည့်အပြင်ေ ငွဒဏ်လည်း ချမှတ်နိုင် သည် -

(က) နိုင် ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှု ကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

အကြောင်းမှာ- တပ်မတော်မှ လိုင်ဇာသို့ ပစ်ခတ်ခြင်း မရှိဘဲ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီး များကြောင့် လိုင်ဇာတွင် အရပ်သားများ သေဆုံးဟူ၍ မည်သည့်နေရာမှ ပစ်မှန်းမသိ၊ မည်သူက ပစ်မှန်း မသိ၊ လက်နက်ကြီး၏ ထိရောက်မှု ကိုလည်း မသိကာ အီလက် ထရောနစ် နည်းပညာ အသုံးပြု၍ နယ်မြေအေး ချမ်းသာ ယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ဖျက်ဆီးခြင်း၊ တပ်မတော်နှင့် လက်ရှိ အစိုးရကို အကြည်ညိုပျက်စေခြင်း၊ သွေးခွဲမှုများ ပြုလုပ်ခြင်း ကြောင့် ဖြစ်သည်။ 

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအား အပြည့်အစုံ ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

ကြည့်လိုပါက http://www.mcpt.gov.mm/mcpt/electronic-transaction-law.htm

From: Opposite Eyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်