Tuesday, January 15, 2013

ဝါဒဖြန့်ချင်တဲ့ အကြမ်းဖတ်ဆန်တဲ့ အကြမ်းဖတ်ကေအိုင်အေ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်နေပြီလား

Posted by drmyochit Tuesday, January 15, 2013, under | 1 comment

ကေအိုင်အေနဲ့ အစိုးရတပ်တွေတိုက်ပွဲတွေဖြစ်နေတာ ၁၉လ ရှိနေ ပြီးဖြစ်ကာ ၂ဖက် အကျ အဆုံး များစွာ ရှိနေ ပါသည်။ ကေအိုင်အေတွေရဲ့ ၀ါဒဖြန့် အင်တာနက် စာမျက်နှာတွေ မှာတော့ အစိုးရ တပ်ဘက်က စစ်သား တွေ ပက်ပက်စက်စက်ကို ကျဆုံးနေပြီး ကေအိုင်အေတွေက ဘုရား သခင်၏စောင့်ရှောက် မှုကြောင့် အောင်ပွဲ တွေရ ရှိနေပါသည်။ စခန်း ကုန်းတွေကိုလည် ပြန်လည် တိုက်ခိုက် သိမ်းပိုက်နေ တာပါပဲ။ အင်အားနည်းနည်းသာ ရှိတဲ့ ရိက္ခာပို့ တဲ့ အစိုးရ တပ်တွေကို တိုက်ပြီး အင်တာနက်ပေါ်မှာ ဘယ်နိုင် တယ်ဘယ်လို တိုက်တယ်ဆိုတာ ၀ါဒဖြန့်ချိနေပြန် ပါတယ်။ အစိုးရဘက်က ရိက္ခာ ပို့ဖို့ ဖယ်ရှားပေး ပါ တောင်း ဆိုတော့ စစ်ကြေငြာ တယ်ဆိုပြီး စစ်ပြင် ဆင်ပါသည်။

အင်တာနက်စာမျက်နှာ တစ်ခုမှာ အစိုးရတပ်မှ အမြောက်အရာရှိ တစ်ဦးက အရပ်ဘက် ပစ်မှတ်တွေကို ကေအိုင်အေ ကတိုက်ခိုက်လျှင် အမြောက်နှင့် ပြန်လည် ပစ်ခတ်မည်ဟု ပြောဆိုခဲ့ပါသည်။ အဲဒီပြောဆိုပြီး နောက်တစ်နေ့က စပြီး ကေအိုင်အေက မန္တလေး မြစ်ကြီးနား ရထားလမ်းကို ၂ ကြိမ်ထက်မနည်း မိုင်းထောင် ဖောက်ခွဲလို့ ပြည်သူတွေ ထိခိုက်ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် ခဲ့ရ ပါသည်။ ကေအိုင်အေ ဘက်က ပြောရေး ဆိုခွင့်ရှိသူ၏ ပြောနေကြ စကားအတိုင်း စစ်ပစ္စည်းတွေ တင်လာလို့ မိုင်းခွဲတာ ပါလို့ ဒါပေမယ့်လည်း အိပ်စင် ရထားက စစ်ပစ္စည်းတွေ တင်တာဖြစ်နိုင်ပါ့မလား။

အခုလည်း အစိုးရတပ်တွေပစ်လိုက်တဲ့ လက်နက်ကြီး လိုင်ဇာကို ကျလို့ လူ၃ဦးသေဆုံးကာ လူ ၆ဦး ဒဏ်ရာရတယ်လို့ သတင်းတွေတွေ့နေ ရပေမယ့် အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ လက်နက် ကြီးရော လေယာဉ်ရော ပစ်ခတ်မှုမရှိကြောင်း ဖော်ပြထားပါသည်။


အမှန်တကယ် ၁၂၀မမ အမြောက်ကြီးကျည်ကျရင် ချိုင့်ခွက်တွေ အနက်ကြီးဖြစ်နေရမှာပါ။ အစိုးရတပ် နှင့်နီးစပ်သူတွေကို စုံစမ်းကြည့်တဲ့ အခါမှာဒီနေ့မှာ အမြောက်ပစ်ခတ်ခြင်းမရှိကြောင်းသိရှိရသည်။ ကေအိုင်အေ ဌာနချုပ်မှ အရာရှိတစ်ဦးမှ ၀ါဒဖြန့်ရန်အတွက် စခန်းကုန်းပေါ်ကနေ မြို့အစပ်ကို ပစ်ခိုင်း တာပါပဲ ဒါပေမယ့် ပစ်ခတ်တာ တိကျမှုမရှိဘဲ လူတွေ ထိကုန်တာ ဖြစ်ကြောင်း ကချင်ကို ချစ်တဲ့ ခေါင်းဆောင်တွေက ကချင် လူမျိုး တွေကိုသတ်ပြီး ၎င်းတို့အာဏာတည်မြဲဖို့အတွက် ၀ါဒဖြန့် လုပ်ဆောင်မှု ကတော့ တော်တော်လေးကို ရက်စက်တဲ့ လုပ်ရပ်ပါပဲ။ သူတို့လုပ်ရပ်တွေကို ဘုရားသခင်ကတော့ ဒဏ်ခတ် မှာသေချာ ပါတယ်။ ကေအိုင်အေကို မကျေနပ်လို့ ဟိုတနေ့က ဆန္ဒပြတဲ့သူတွေကို ချိန်းခြောက်တဲ့ သဘောရော၊ ၀ါဒဖြန့်ဖို့ အတွက် ရော တစ်ချက် ခုတ် နှစ်ချက်ပြတ်တဲ့ ကေအိုင်အေခေါင်းဆောင်တွေ၏ ကိုယ်လူ မျိုးကို ကိုယ်လုပ်တဲ့လုပ်ရပ်ကတော့ တော်တော်လေးကို စိတ်ပျက် စရာ ကောင်းသည်ဟု လိုင်ဇာမြို့ခံ တစ်ဦးကဆိုပါသည်။

1 comments:

ဒေါသ ရှေထား မှားကြလိမ့်မယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်