Tuesday, January 15, 2013

ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ်ဦး မိုင်းနင်းမိ

Posted by drmyochit Tuesday, January 15, 2013, under | No comments

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မှော်ဆီဇာ မြေစာပုံ ကျောက်စိမ်းတောင် ကုမ္ပဏီသွားရာ လမ်းဘေးတွင် ဇန်န၀ါရီလ (၁၃) ရက်၊ ည (၇း၀၀) နာရီခန့် အချိန်တွင် လူတစ်ဦး မိုင်းနင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်း မိသူ ဇော်ဇော်ဌေးမှာ ညာဘက်ခြေထောက်နှင့် လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဖားကန့်ဆေးရုံ ကြီးတွင် အရေးပေါ် သွေးသွင်းနေရကြောင်း သိရှိရသည်။

''အခု မိုင်းနင်းမိတဲ့လူက ချမ်းသာတဲ့ ကျောက်လုပ်ငန်းရှင် လူငယ် တစ်ဦးပါ။ အလုပ်ပြန် လာတုန်း လမ်းဘေး မှာ အပေါ့စွန့်ရင်း မိုင်းထိ မိတာပါ။ ဘယ်ဘက်က ထောင်ထားတဲ့ မိုင်းမှန်း မသိပါဘူး။ တပည့်တွေ နဲ့ ဆွေမျိုးတွေ အားလုံးက ဆေးရုံမှာ စိတ်မကောင်း ဖြစ်နေကြတယ်။ မြစ်ကြီးနားဆေးရုံကို အမြန်ဆုံး ပို့သင့်တဲ့ လူနာဖြစ်ပေမယ့် မြစ်ကြီးနား-ဖားကန့် ကားလမ်းတွေ ပိတ်ထားလို့ အဖက်ဖက်ကို အကြောင်းကြားနေတုန်း ရှိတယ်'' ဟု ဒေသခံတစ်ဦးက ဖားကန့်ဆေးရုံမှ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၁၁း၀၀) နာရီတွင် ဖြေကြားခဲ့သည်။

From: Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်