Tuesday, January 15, 2013

KIA ရဲ့ အမျိုးချစ်မချစ်ဆိုတာ ကို သက်သေပြသည့် မုဒိမ်းမှု ၄ မှု

Posted by drmyochit Tuesday, January 15, 2013, under , | No comments


ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ကြာရှည်စွာ ဖြစ်ပွားလာမှု ကြောင့် KIA အတွင်း အင်အားများ လျော့နည်း လာရာ ၄င်းအင်အား များ အတွက် ထပ်မံ စုဆောင်း ရရှိထားသော အရွယ် မရောက်သေးသူ ကလေးငယ် (ကျား၊ မ)များဖြင့် အစိုးရတပ်များကို ရင်ဆိုင်နေ ရသည်။ အထူးသဖြင့် အသစ် ထပ်မံ ဖွဲ့စည်း ခဲ့သော KIA တပ်မဟာ (၅)အတွင်း အရွယ် မရောက်သေးသူ ကလေးငယ် များမှာ အများဆုံး ပါဝင်လျက်ရှိ သည်။

အရွယ် မရောက်သေးသူ ကလေးငယ် ၇၀% သည် မိန်းကလေး ငယ်များ ဖြစ်ကြသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၇ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၂ ရက် များအတွင်း ဆက်တိုက် ဆိုသလို မုဒိမ်းကျင့် ခံရမှု ၄ ခု ဆက်တိုက် ဖြစ်ပွားခဲ့ရာ ပြင်းထန်းသော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရ ကြောင်း သိရသည်။ အဓမ္မ မုဒိမ်းကျင့် ခံရသူ အများစုမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိ အရွယ် မရောက်သေးသူ အမျိုး သမီးငယ် များ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မုဒိမ်းမှုများကြောင့် KIA အတွင်း အရာရှိ ၂ ဦး စစ်သည် ၇ ဦး အရေးယူ ခံခဲ့ရကြောင်း KIA တပ်မဟာ(၅) မှ ထွက်ပြေး လာသူ မအေးခွမ် (၁၂ နှစ်၊ ကုန်းနှောရွာသူ) ၏ ပြောပြချက် အရ သိရှိရသည်။

(စင်္ကာပူဖီး)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်