(၁၆-၁-၂၀၁၃)ရက်နေ့နံနက်ပိုင်း (ဝ၈၄၅)ချိန်တွင် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၏ အနောက်ဖက် (၄)မိုင်ခန့် အကွာရှိ မော်ဟန်-နန့်မချီမှော်သွားလမ်း၊ ပိုင်ဝင်ချောက်အနီး၊ ခန့်မှန်းမြေပုံညွှန်း (KH ၁၃၅၂၈၉) ၌ KIA ရင်း (၂၆)လက်အောက်ခံ အင်အား (၆ဝ)ဦးခန့် (ခေါင်းဆောင်စိစစ်ဆဲ)တို့သည် လက်နက် မျိုး စုံကိုင်ဆောင်လျက် အခြေပြု လှုပ်ရှားနေကြောင်းနှင့် နန့်မချီမှော်တွင် ဆက်ကြေးငွေ များကို လည်း တောင်းခံနေကြ စားသောက်ရေးအတွက် အခက် အခဲများ ဖြစ်နေကြောင်း သိရှိရပါသည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ အဆမတန် ဆက်ကြေးငွေ ကောက်ခံမှုများကြောင့် ဒေသခံ တောင်သူ များမှ စိတ်ဆင်းရဲ လျှက်ရှိနေကြောင်း တပ်မတော် စစ်ကြောင်းများမှ လာရောက် တိုက်ခိုက်စေ လိုကြောင်း ဒေသခံများမှ ဖုန်းဖြင့် ဆက်သွယ်ပြောကြားလာပါသည်။
Kachindailynews
Time in Rangoon


0 comments:
Post a Comment