Saturday, January 19, 2013

KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁)တွင်း ဖမ်းဆီးထားသော အရပ်သား ၆ ဦး ထွက်ပြေး လွတ်မြောက်



KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁)တွင် ပြီးခဲ့သည့်လက မြစ်ကြီးနား မြို့နယ်၊ အာလမ်ကျေးရွာ နှင့် အူဗျစ် ကျေးရွာများမှ ဖမ်းဆီးထားသော အရပ်သား ၄၄ ဦး အနက် အမျိုးသား ၆ ဦး သည် ၁၆-၁-၂၀၁၃ ရက်နေ့တွင် ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ ကြောင်း သိရှိရသည်။ ထွက်ပြေးလာသူ များမှာ ဇူးဆာပါး (၁၅-နှစ်)၊ ကျောင်းသား၊ အူဗျစ်ကျေးရွာ၊ မာခေါ (၂၇-နှစ်)၊ တာင်သူ၊ အူဗျစ်ကျေးရွာ၊ လယ်မယ်ဝူ (၃၅ နှစ်)၊ တောင်သူ အူဗျစ်ကျေးရွာ၊ အောင်ဆန်း (၃၂ နှစ်)၊ သုံးဘီးမာင်း၊ အာလမ်ကျေးရွာ၊ လဂျေဆွတ်အောင် (၁၆ နှစ်)၊ တောင်သူ၊ အာလမ်ကျေးရွာ၊ လယန်တူး (၁၅ နှစ်)၊ တောင်သူ၊ အာလမ်ကျေးရွာ တို့ ဖြစ်သည်။ ထွက်ပြေး လွတ်မြောက် လာသူများ အနက် ဇူးဆာပါး တစ်ဦးတည်း သာ ၄င်း၏ နေအိမ်တွင် နေထိုင် လျက်ရှိပြီး ကျန် ၅ ဦးမှာ ၄င်းတို့ နေအိမ်များ တွင် နေထိုင်ခြင်း မရှိဘဲ အခြား နေရာများသို့ တိမ်းရှောင် နေထိုင်လျက် ရှိကြောင်း သိရှိရသည်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်