Saturday, January 19, 2013

အင်ဘန်လှ၊ဇောင်းဟားရား၊ဂမ်ရှောင်၊ဂွမ်မော် တို့အားတိုက်တွန်းချက်

Posted by drmyochit Saturday, January 19, 2013, under | No comments


၁။ စစ်သွေးကြွနေသော စိတ်ဓာတ်များကို ခ၀ါချ၊ငါတို့ကွဆိုတဲ့ မာန်စွယ်ကိုကျိုးအောင်ချိုးလိုက်ပါ။

၂။ တပ်မတော်ကပြည်သူလူထုကို ညှာတာထောက်ထားသလို ဒုက္ခရောက်နေရှာတဲ့ ကချင်လူမျိုး(မင်းတို့အမျိုးတွေမပါ) အမှန်စင်စစ် စစ်ဘေးဒုက္ခသည်တွေရဲ့ ခါးသီးလှတဲ့ ဒုက္ခတွေကို သနားညှာတာထောက်ထားပါ။

၃။ လူမျိုးရေး၊ဘာသာရေး၊တရုတ်လက်အောင်ခံ Wungpawng နိုင်ငံတော်ထူထောင်ရေးဆိုတဲ့ စည်းရုံးမှုတွေနဲ့ ကချင်လူငယ်တွေရဲ့နားထဲကိုရိုက်သွင်း စစ်တိုက်ခိုင်းနေတဲ့ ခေတ်မမှီသော စက်ဆုတ်ရွံရှာဖွယ် အတွေးအခေါ် အဟောင်အနွမ်းတွေကို လက်ကိုင်တုတ် အဖြစ်ကနေ အပြီးအပိုင် စွန့်လွှတ်လိုက်ပါ။

၎။ သဘောထားသက်ညှာတဲ့ တပ်မတော်ရဲ့ ကမ်းလှမ်းချက်ကို အထူးအခွင့်အရေးတစ်ခုအနေ မိမိရရ ဆုပ်ကိုင်ပြီး အပစ်အခတ်ရပ်ဆဲရေးကို ရှေးရှုဆောင်ရွက်နေတဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနည်းတူ ငြိမ်းချမ်းရေးရဲ့ ချိုမြိုင်သော အရသာ ကို မြိန်ရည် ယှက်ရည် စားသုံးပါ။

၅။ ဒီလိုမှမဟုတ်ဘဲ ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီးကျင့်သုံးနေဦးမယ်၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဦးမယ်ဆိုရင်တော့ မင်းတို့ နေရာတွေကို အတိအကျ သိနေပြီးဖြစ်လို့ အိုစမာဘင်လာဒင်နဲ့ ဂဒါဖီတို့ရဲ့ ဇတ်သိမ်းခန်း ကို နှလုံးမူထားလိုက်ပါ။


Jinghpaw Land

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်