Friday, January 04, 2013

မိုးထိမိုးမိခေါင်းဆောင် ၄ ဦး ထောင်ဒဏ် ၆ လ စီရင်ခံရ

Posted by drmyochit Friday, January 04, 2013, under | No comments

အလုပ် သမား အခွင့် အရေးတွေ အတွက်နေပြည်တော်ကို လမ်းလျှောက် ချီတက် ဆန္ဒ ထုတ်ဖော် ခဲ့တဲ့ မိုးထိ မိုးမိ ရွေလုပ်သားခေါင်းဆောင်လေးယောက်ကို ဒီကနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ မနက်မှာ ရေတာ ရှည်မြို့နယ် တရားရုံးက ထောင်ခြောက်လစီနဲ့ ဒဏ်ငွေ တစ်သောင်းစီ ကျခံစေဖို့ ပြစ်ဒဏ် ချမှတ် လိုက် တယ်လို့ ပြစ်ဒဏ် ချမှတ် ခံရ သူတွေရဲ့ မိသားစု ၀င်တွေက ပြော ပါတယ်။

ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ထောင်ဒဏ် ၆ လ၊ တရားမ၀င်စီတန်းလှည့်လှည်မှုပုဒ်မ ၁၈ နဲ့ တစ်ယောက်ကို ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

မိုးထိမိုးမိရွေလုပ်သားတွေ ဟာ သူတို့ရဲ့ နစ်နာချက်တွေကို ရန်ကုန်မြို့ ကုမ်ပဏီရှေ့မှာ ဆန္ဒ ထုတ်ဖော် ခဲ့ကြပေ မယ့် ထူးခြားမှု မရှိတာကြောင့် မိုင် ၂၇၀ အကွာက နေပြည်တော်ကို ချီတက် တောင်း ဆိုခဲ့ကြ တာပါ။

နိုဝင်ဘာ ၂၃ ရက်မှာတော့ အရပ်ဝတ် ရဲတပ် ဖွဲ့ဝင် တစ်ရာကျော်က ခေါင်းဆောင် လေးဦးကို ၀င်ရောက် ရိုက်နှက် ဖမ်းဆီးပြီး အမှုနှစ် ခုနဲ့ တရား စွဲဆို ပြစ်ဒဏ် ချမှတ် လိုက်တာ ဖြစ်ပါ တယ်။


DVB (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်