Friday, January 04, 2013

ယမန့်နေ့က မြဝတီ မီးလောင်မှုတွင် ကလေးငယ်တစ်ဦး မီးထဲပါ

Posted by drmyochit Friday, January 04, 2013, under | No comments


ယမန်နေ့ 3. 1. 2012 ည ၁၂ နာရီ၁၅ မိနစ် ခန့်တွင် မြ၀တီမြို့၊ အမှတ်(၁) ရပ်ကွက် စိန်ပန်း လမ်းနှင့် နှင်း
ဆီ လမ်းထောင့် အတွင်း မီးလောင် မှုဖြစ် ပွားရာ ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး မီးထဲ ပါသွားကြောင်း သိရ သည်။

မီးလောင်မှု စတင်ဖြစ် ပွားသည့်နေ အိမ်နှင့် အနီး တစ်ဝိုက်ရှိ လူနေ အိမ်လေးလုံး မီးလောင်မှုတွင်း ပါဝင် သွားကြောင်းသိရပြီး ပန်းသီးဂိမ်း ကစားရုံ တစ်ရုံလည်း ပါဝင်သွားကြောင်းနှင့် အသက်ရှစ်နှစ်အရွယ် ကလေး ငယ် တစ်ဦး ပိတ်မိနေ၍ မီးလောင်သေ ဆုံးခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများသည် ဘန်ကောက်မြို့တွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြပြီး ကလေး ငယ်မှာ ၎င်း၏ ဦးလေးတော်စပ်သူနှင့် နေထိုင်ကြောင်းနှင့် ကလေးငယ်၏ အလောင်းအား မီးငြိမ်းပြီး မှသာတွေ့ရှိကြခြင်း ဖြစ်ကြောင်း မီးငြိမ်း သတ်ရာတွင် ပါဝင်သူ တစ်ဦးထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြ၀တီမြို့မှ မီးသတ်ယာဉ် (၄) စီး၊ မြို့တွင်းရေရောင်းချနေသော ရေသယ် ယာဉ် (၁၅) စီး ဖြင့် မီးငြိမ်း သတ်ခဲ့ကြောင်း သိရပြီး တဖက်နိုင်ငံမဲဆောက်မြို့မှ မီးသတ်ယာဉ် (၇) စီး အပါ အ၀င် မီးသတ် တပ်ဖွဲ့ ၀င်များ လည်း လာရောက် မီးကူငြိမ်း သတ်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ဝါယာကြိုးရှော့ ဖြစ်၍ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပြီး ည ၂ နာရီ ခန့်အချိန်မှသာ မီးငြိမ်း သွားကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင် ရာမှ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇွဲကပင်မောင်မောင်

The Myanma Age


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်