Friday, January 04, 2013

မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော

Posted by drmyochit Friday, January 04, 2013, under | No comments

မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။
ကုလ သမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။ဆက်လက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလ သမဂ္ဂ အနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင် ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင် စာရင်း ကောက် ယူရေး ကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသ မဂ္ဂရဲ့ ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါ တယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်