Friday, January 04, 2013

ရင်နာနာနဲ့ လှမ်းကြည့်နေရတဲ့ လိုင်ဇာ လို့ ခေါ်တဲ့မြို့..

Posted by drmyochit Friday, January 04, 2013, under | No comments

ဒီနေရာကို တိုက်ရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေတယ်လို့ ဆိုတဲ့မြို့..

နိုင်ငံခြားသားတွေ အပါအ၀င် လူဦးရေ ၅ သောင်းကို ကေအိုင်အိုဆိုတဲ့ ကချင်ကို ကိုယ်စားပြုတယ် ဆိုသော လက်နက်ကိုင် ၅၀၀၀ အုပ်ချုပ်တဲ့မြို့…

ကေအိုင်အို ဘဏ်မှာ အကောင့်တစ်ခု လုပ်လို့ရတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ သီးသန့် ထုတ်ပေး ထား တဲ့မြို့.

ကချင်လူမျိုးနဲ့ နိုင်ငံခြားသားကို ကတ် ၂ မျိုးထုတ်ပေးပြီး စိတ်တိုင်းကျ ကေအိုင်အိုက အုပ်ချုပ်တဲ့မြို့..
မြန်မာငွေ မသုံးဘဲ တရုတ်ငွေကို သုံးစွဲတဲ့မြို့...

ကေအိုင်အိုက ပေးတဲ့ စိစစ်ရေးကတ်ရှိရင် တရုတ်နိုင်ငံ၊ ယူနန် နယ်က ကူမင်းအထိ သွားလာနိုင်တဲ့မြို့..
ဗမာစာ မသုံး၊ ဗမာကို မုန်းတီးဖို့ စိတ်ဓာတ်တွေ သွတ်အသွင်း ခံထားရတဲ့မြို့..

ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တပ်မတော်သား အသက်တွေပေးပြီး ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းစေဖို့ အလှကြည့်နေရတဲ့ မြို့..

နိုင်ငံတော် အလံမသုံး...နိုင်ငံတော်အလံကို မုန်းပြီး ခြေနဲ့ နင်းချေတတ်တဲ့မြို့...

ကျဆုံးခံခဲ့တဲ့ တပ်မတော်သားတွေရဲ့ ၀ိဥာဉ်တွေ ရင်နာနာနဲ့ လှမ်းကြည့်နေရတဲ့ လိုင်ဇာ လို့ ခေါ်တဲ့မြို့..

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်