Friday, January 04, 2013

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်

Posted by drmyochit Friday, January 04, 2013, under | No comments

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်း ဆင်း ပွဲ (၃/၂၀၁၂) ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်းဆင်းခဲ့ခြင်း ဖြစ်ပါ သည်။ 



သင်တန်းသား အများ စုမှာ ကချင် လူငယ် များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦး ပါဝင်ကြောင်း သင်တန်း တာဝန်ခံ က ရှင်းပြ ပါသည်။ ယခု သင်တန်းသည် တပ်ရင်း (၆) တွင်ပြု လုပ်သော ၁၂ ကြိမ်မြောက် သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီ အစဉ် ရှိကြောင်း၊ သင်တန်း အစတွင် သင်တန်း သားများအား ၁၀ ရက်ခန့် သမ္မာ ကျမ်းစာနှင့် ဧ၀ံဂေလိ တရားများကို ဦးစွာ သင်ကြား ပြီးနောက် အခြေခံ စစ်ပညာနှင့် စစ်ဗျူ ဟာများကို စာတွေ့ လက်တွေ့ သင်ယူစေကြောင်း တာဝန်ခံက ဆက်ရှင်းပြ ပါသည်။

ဤ သင်တန်း ဆင်းပွဲသည် ယခင်နှင့် မတူ တမူ ထူးခြားစွာ စစ်ရေးပြ အခမ်း အနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း (၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ စစ် ဘင်ခရာ သံစုံ တီးဝိုင်း ၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသော သင်တန်း သားများနှင့် ပိတိဝေဖြာနေသော မိဘပြည် သူများ ၏ အပြုံး မျက်နှာ များသည် သင်တန်း ဆင်းပွဲအား အသက်သွင်း လျက်ရှိပါသည်။ “ဘုရား သခင်သာ အောင်နိုင် ခြင်းရဲ့အရှင်…” “ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား ….” “ အိမ်ရှင်ပါ….” “ အိမ်ရှင် ဆိုရင် အိမ်ရှင် စိတ်ဓါတ် မွေးရမယ်… ဧည့်သည် စိတ်ဓါတ်ကို ဖျောက်ရမယ်…” “ လူမျိုးကို တိုက်နေတာ မဟုတ်ဘူး… မူကို မကြိုက်လို့ တိုက်နေတာ..” စသည့် မိန့်ခွန်း သံများသည် သင်တန်း ဆင်းပွဲ အားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး တက်ရောက် လာသော ဧည့်သည် တော်များအား နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ပါသည်။ 


Jinghpawkasaသတင်းဌာနမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်