Friday, January 04, 2013

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ဆေးကုသနေကြောင်း လိုင်ဇာရောက် သတင်းထောက်တစ်ဦးမှ အတည်ပြု ပြောကြား

Posted by drmyochit Friday, January 04, 2013, under | No comments

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်သည် KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ် လုပ်ကြံ မှုကြောင့် ဒဏ်ရာ ရရှိ နေကြောင်း၊ ယခုလ(၃)ရက်နေ့က သတင်း ထွက်ပေါ် ခဲ့သော် လည်း KIA မှ ၎င်းသတင်း မဟုတ် မှန်ကြောင်း ငြင်းဆို ခဲ့သည်။

သို့သော် လိုင်ဇာသို့ ရောက်ရှိနေသည့် အမည်မဖော်လိုသူ သတင်းထောက် တစ်ဦးမှ ပြောဆို ရာတွင် “ ဗိုလ်ချုပ် ဂမ်ရှောင် ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေတယ်လို့ ကျွန်တော်တို့ တိကျ တဲ့သတင်း ရထားပါတယ်၊ ခြေထောက်နဲ့ ပေါင်မှာ ဒဏ်ရာရပြီး လိုင်ဇာဆေးရုံအထူးခန်းမှာ ကုသနေ ပါ တယ်၊ ဘာ့ကြောင့် ဒဏ်ရာရတယ်ဆိုတာ မသိရပေမယ့် လိုင်ဇာဆေးရုံတွင် တက်ရောက်ကုသနေသည် မှာ မှန်ကန် တယ်”လို့ ၎င်း သတင်းထောက်မှ ပြောဆိုခဲ့ပါသည်။
ဇန်န၀ါရီ(၃)ရက်နေ့တွင် လိုင်ဇာသို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား မြအေးနှင့် KIA ဒုစစ်ဦး စီးချုပ် ဂွန်မော်တို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ထိုသို့ ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး ရနိုင်မည့် နည်းလမ်း များကို ပွင့်လင်း စွာ တိုင်ပင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်န၀ါရီ(၄)ရက်နေ့တွင်လည်း ဗိုလ်ချုပ် ဂမ်ေ ရှာင်နှ င့် ဆက် လက်ဆွေးနွေး သွားမည်ဟု သိရသည်။

KIA ခေါင်းဆောင်များနှင့် မိသားစုများသည် မြန်မာစစ်တပ်များ လိုင်ဇာ အနီးသို့ ချဉ်းကပ် လာပြီး သည့်ေ နာက် ပိုင်း တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ကာ တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးများကို ကွပ်ကဲလျက် ရှိကြောင်း၊ ယခုလ(၃) ရက်နေ့တွင် News Week သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ 


(Kachin Daily News)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်