Friday, January 04, 2013

KIA ရဲ့ အသေခံ လီဆူးတပ်ဖွဲ့

Posted by drmyochit Friday, January 04, 2013, under | No comments

KIA အဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁) ကြိမ် ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး အတွက် ထင်ရှားသောရလဒ်များ မရရှိခဲ့ပါ။



 ၂၀၁၂ နှစ်ကုန်ပိုင်း ရွှေလီတွေ့ ဆုံပွဲတွင် နှစ်ဘက်လုံးမှ နိုင်ငံရေး၊ စစ်ရေး အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ ဆုံဆွေးနွေး ရန် ပြင်ဆင် ခဲ့သော်လည်း KIA ဘက်မှ ပျက်ကွက် ခဲ့သဖြင့် တိကျ သော အဖြေ မရဘဲ ဆွေးနွေးပွဲ ပျက်ပြား ခဲ့ရပါတယ်။ ၎င်းနောက်ပိုင်း တိုက်ပွဲများ ပိုမိုပြင်း ထန်လာခဲ့ပြီး နှစ်ဘက် ဆုံးရှုံးမှု များပြားခဲ့ ရပါသည်။ တိုက်ပွဲများတွင် အစိုးရဘက်မှ စနစ်တကျ တိုက်စစ် ဆင်နိုင်ခဲ့သဖြင့် KIA အဖွဲ့အကျ အဆုံးများ ခဲ့ရပြီး KIA ခေါင်းဆောင်များ တစ်ဘက်တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပါတယ်။

KIA အဖွဲ့ အနေဖြင့် တရုတ်နိုင်ငံ ဘက်သို့ ဆုတ်ခွာ ထွက်ပြေး ခဲ့ရသဖြင့် တရုတ် နယ်စပ်ရှိ လီဆူး လူမျိုးများ အား ဖမ်းဆီးပြီး လိုင်ဇာ ကာကွယ်ရေး အတွက် ဖြည့်ဆည်း ခဲ့ပါသည်။ ယခင် လိုင်ဇာတွင် ရှိသော လီဆူး လူမျိုး (၂၀၀) ခန့်နှင့် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ထပ်မံရောက် ရှိလာသော လီဆူး လူမျိုး (၂၀၀) ခန့်အား ပေါင်း စည်းပြီး ၎င်းအင်အား (၄၀၀)ခန့်အား ဗိုလ်မှူးကြီး ဇော်တောင်မှ ဦးစီးကာ လိုင်ဇာ ဗဟိုဌာနချုပ် ကာကွယ် ရေးတပ်ဖွဲ့ (အသေခံအဖွဲ့) အဖြစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။ ၎င်းနောက် လိုင်ဇာ ပတ်ဝန်းကျင်ရှိ စခန်းများတွင် တိုက်ခိုက်နေသော ကချင်လူမျိုး KIA အဖွဲ့ဝင် များ နှင့် လဲလှယ် ခဲ့ကြောင်း သိရပါသည်။

KIA အဖွဲ့အနေဖြင့် အစိုးရနှင့် တိုက်ပွဲများတွင် ကျဆုံးမှုများပြားခြင်း၊ KIA တပ်သားအများစုမှာ အနိဌာရုံ များကြောင့် သွေးပျက် ကြောက်လန့်နေခြင်းများကြောင့် လီဆူးလူမျိုးများနှင့် အစားထိုး လဲလှယ်ခဲ့ ရခြင်း ဖြစ်သည်။ KIA ၏ အခြားရည်ရွယ်ချက်မှာ လီဆူးလူမျိုးများသည် တရုတ်လူမျိုးများနှင့် တူေ သာကြောင့် ၎င်းတို့ ကျဆုံး သွားပါက မြန်မာ အစိုးရသည် တရုတ် လူမျိုး များအား ညှင်းပန်းနှိပ် စက်နေကြောင်း နိုင်ငံတ ကာ အား ၀ါဒဖြန့်ချိ ရန်အတွက် ဆောင်ရွက် ခဲ့ခြင်း လည်းဖြစ်ကြောင်း ဗိုလ်မှူးကြီးဇော်ေ တာင်၏ ပြောဆို ချက်အား ကိုးကား၍ လိုင်ဇာရှိသတင်းထောက်တစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။

ကချင်နေ့စဉ်သတင်းမှကူးယူဖော်ပြ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်