ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
တောင် အာဖရိက နိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် တစ်ဦး ဖြစ်သူ ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။
ှ
သူသည် နိုင်ငံ တကာ လှည့်လည်ကာ ပညာရှာမှီးရေး အစီ အစဉ်ဖြင့် ပင်လယ် ရေကြောင်း မှကမ္ဘာ ပတ်နေ သော Semester at Sea သင်္ဘောဝယ် ကထိက တာဝန်ဖြင့် လိုက်ပါ လာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ အမေရိကန် စင်တာ၌ အမှာ စကား တစ်ရပ် ပြောကြားဖွယ် ရှိကြောင်း သိရ သည်။
Semester at Sea သင်္ဘောသည် ၂၀၀၆ ခုနှစ် မတိုင် မီက မြန်မာ နိုင်ငံသို့ ဆိုက်ကပ် ခဲ့ဖူး သော်လည်း ဒက်စမွန် တူးတူး၏ ပန်ကြား ချက်ကြောင့် မြန်မာ နိုင်ငံသို့ ဆိုက်ကပ် ခြင်းကို ရပ်စဲခဲ့ကာ ယခုမှသာ ပြန်လည် ဆိုက်ကပ်ခြင်း ဖြစ်သည်။
ယင်း သင်္ဘောသည် ကမ္ဘာ့ နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ လှည့်လည်ကာ ပညာ ဗဟုသုတ များ ရှာမှီး နေခြင်း ဖြစ်ပြီး စင်ကာပူ ဆိပ်ကမ်းမှ ခွာ၍ မြန်မာသို့ ရောက်လာမည် ဖြစ်ကာ၊ မြန်မာ နိုင်ငံမှ ခွာကာ အိန္ဒိယနိုင်ငံ သို့ ခရီး ဆက်ဦး မည်ဖြစ် သည်။
PP
Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment