Sunday, February 24, 2013

အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Posted by drmyochit Sunday, February 24, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တော ဦးစီး ဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်း၏ လမ်းညွှန်မှုဖြင့်   ကသာမြို့နယ်၊ သစ် တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦးခေါင်း ဆောင်ပြီး တောအုပ်များ ဦးမိုးဟန်  (ခရိုင်)၊ ဦးအုန်း ကိုကိုဝင်း (ခရိုင်)၊  ဦးဘိုသိန်း (အင်းတော်)၊ တော ခေါင်း များ ဦးတင်မောင်အုန်း  (ခရိုင်)၊ ဦးဌေးဝင်း (အင်းတော်)၊  ဦးဆန်းဝင်း (အင်းတော်)တို့ပါဝင် သော သစ်တောမှု ဖမ်းဆီးရေးခရိုင်   စစ်ကြောင်း အဖွဲ့သည် (၄.၂. ၂၀၁၃)ရက်နေ့ (၁၅၃၀) အချိန် အင်းတော မြို့နယ်၊ ဂဟဲအပတော   92-D/4SM-761806 တွင် ကျွန်း သစ် (၃.၀၇) တန်၊ ကျွန်းခွဲသား (၀.၈၈၈) တန်၊ ကညင်ခွဲသား (၀.၆၃၈၈) တန်၊ ယင်းမာခွဲသား (၀.၈၂၅) တန်၊ သစ်စက် (၁) လုံး  နှင့် ဆက်စပ် ပစ္စည်း (၅) မျိုးတို့ အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိ ပြီး သစ်တောဥပေဒပုဒ်မ ၄၂ (ဂ)၊  ၄၃ (က) တို့ဖြင့် အရေး ယူဆောင်  ရွက်လျက်ရှိသည်။


အလားတူ ဖေဖော်ဝါရီ (၅) ရက်နေ့ (၈) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ ဂဟဲကြိုး (၂၉)၊92-D/4SM-782833 နေရာတွင် ကျွန်းသစ် (၃.၇၄၆) တန်နှင့် သစ်စက် (၁) လုံးအား ဖမ်းဆီးရ မိပြီး ပိုင်ရှင်အား ဆက်လက် စုံစမ်း  ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရ သည်။


စိုင်းလူမင်း
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်