Sunday, February 24, 2013

ပြည်ပအလုပ်အကိုင် အေဂျင်စီများက အလုပ်သမား စေလွှတ်ခွင့် လျှောက်ထားရာတွင် ဆော်ဒီနိုင်ငံကို ခွင့်ပြုမည်မဟုတ်

Posted by drmyochit Sunday, February 24, 2013, under | No comments


ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် အလုပ်သမား စေလွှတ်ခွင့် လျှောက်ထားရာ၌ ဆော်ဒီနိုင်ငံ မှလွဲလျှင် တခြားသော နိုင်ငံများကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့သည်။

 အလုပ်သမားလေ့ကျင့်ရေးသင်တန်းကျောင်းရှိ "ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အသင်းချုပ် တွေ့ဆုံပွဲ အခမ်း အနား" အားတွေ့ရစဉ် 

ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ ရန်ကင်းမြို့နယ်၊ အလုပ်သမား လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပ ပြုလုပ် သည့် “ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ် တွေ့ဆုံပွဲ အခမ်းအနား” အပြီး မီဒီယာ တွေ့ဆုံ ပွဲ၌ ဒုဝန်ကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပ အလုပ် အကိုင် အေဂျင်စီများ အနေဖြင့် အလုပ်သမား စေလွှတ်ခွင့် လျှောက်ထားရာ၌ အလုပ် သမား ဈေးကွက်နှင့် အခြေခံစည်းမျဉ်းများကို အလုပ်သမား ၀န်ကြီးဌာနသို့ ပြည့်ပြည်စုံစုံ တင်ပြနိုင်ရန် လိုအပ်ပြီး ဆော်ဒီ နိုင်ငံမှ လွဲလျှင် အရှေ့အလယ်ပိုင်း ဒေသများကိုလည်း ခွင့်ပြု ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်မှာ ဆော်ဒီနိုင်ငံဟာ ပြဿနာ အဖြစ်များတဲ့အတွက် လောလောဆယ်မှာ အလုပ်သမား စေလွှတ် ဖို့ ခွင့်မပြုပါ။ နောက်ပြီး သူတို့နိုင်ငံရဲ့ ဥပဒေအရ အလုပ်ရှင် ခွင့်ပြုမှသာ အလုပ်သမားဟာ အလုပ်ထွက် ခွင့် ရှိတယ်လို့ ပြဌာန်းထားတာကိုလည်း တွေ့ရတယ်” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ပြောပါသည်။

ဆော်ဒီနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၆ ဦးသည် လစာမရရှိမှုနှင့် လုပ်ငန်း မကိုက် ညီ မှုတို့ကြောင့် လုပ်ငန်းခွင်မှ ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စအတွက် ဆော်ဒီနိုင်ငံ နိုင်ငံခြား ရေး ၀န်ကြီးဌာနသို့ အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် လတ်မှတ်ရေးထိုး တောင်းဆို ထားကြောင်း သိရသည်။

“အေဂျင်စီ တော်တော်များက ပြဿနာများတဲ့ နိုင်ငံတွေဆို မပို့ဘဲ လက်ရှောင်တာ များပါတယ်။ အေဂျင်စီ တွေအ နေနဲ့ အလုပ်သမားတွေကို စေလွှတ်ရာမှာ ခိုင်မာမှုရှိပြီး ပြဿနာနည်းတဲ့ နိုင်ငံတွေကိုပဲ ရွေးချယ် သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် စင်္ကာပူနိုင်ငံဟာ ပြဿနာ အနည်းဆုံး လို့ ထင်ပါတယ်” ဟု ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု အေဂျင်စီများ အသင်းချုပ် ဥက္ကဌ ဦးမင်းလှိုင်က ပြောပါ သည်။


Eleven 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်