Sunday, February 24, 2013

သြစတြေးလျရေကြီးမှု ၂ ဦးသေဆုံး

Posted by drmyochit Sunday, February 24, 2013, under | No comments


သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ ဆိုးရွားကြမ်းတမ်းတဲ့ ရာသီ ဥတု ဖောက်ပြန်မှုအတွင်း  လူနှစ်ယောက် သေဆုံးခဲ့ တယ်လို့ သြစတြေးလျ အာဏာ ပိုင်တွေက ပြောလိုက်ပြီး သြစတြေး လျမြောက်ပိုင်း ဒေသခံ တွေဟာ လည်း ရေကြီးမှု ကလွတ်အောင် စနေနေ့က စပြီး ဘေးသင့်ရာကို စတင်ပြောင်း ရွှေ့နေကြပြီ ဖြစ်ပါ တယ်။


New South Wales ပြည်နယ်က Kempsey နဲ့ Port Macquarie မြို့ခံတွေ အနေနဲ့ ရေကြီး နေစဉ် အတွင်းမှာ အတင့်မရဲကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ Port Macquarie မြို့မှာ ရေထဲက ဂေါက်သီး ဘောလုံးတွေကို ကောက်ယူနေတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တယောက်ဟာ သောကြာနေ့ တုန်းက ရေမြောင်းထဲကို မျောပါသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေကြီးမှုကြောင့် ပစိဖိတ် အဝေးပြေးလမ်းမတချို့နေရာတွေကို ပိတ်ထားလိုက်ရပြီး Macleay မြစ်ရေဟာ Kempsey မြို့မှာ တနင်္ဂနွေနေ့ကျရင် ၇ မီတာအထိ မြင့်တက်လာဖွယ် ရှိတယ်လို့ မိုးလေ ၀သ ကျွမ်းကျင် သူတွေက ပြောပါတယ်။

VOA 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်