Tuesday, March 26, 2013

အကြမ်းဖက်မှုဖြစ်ရပ်များကြောင့် ရန်ကုန်ရှိ အမေရိကန် ကမ္ဘာလှည့် ခရီးသွားများအား အရေးပေါ် သတိပေးချက် အမေရိကန် အစိုးရ ထုတ်ပြန်ထား

Posted by drmyochit Tuesday, March 26, 2013, under | No comments


အမေ ရိကန် အစိုး ရမှ လူမျိုးရေး အကြမ်း ဖက်မှု များကြောင့် မင်္ဂလာဈေးနှင့် ယုဇန ပလာဇာ အနီးတ၀ိုက် ကိုရှောင်ကြဉ်ကြရန် ရန်ကုန်ရောက် အမေရိကန် နိုင်ငံ သားများသို့ အရေးပေါ်ကြေငြာချက် တစ်စောင်ကို မတ်လ ၂၅ ရက်နေ့က ထုတ်ပြန် ထားကြောင်း သိရပါသည်။

မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးတ၀ိုက်ကို ရှောင်ကြဉ်ကြရန် ယခင်ရက်သတ္တပတ်အတွင်းမှစသော မန္တလေး တိုင်း ဒေသကြီးတ၀ိုက်ရှိ လူမျိုးရေး အကြမ်းဖက်မှုများကြောင့် လူထုအတွင်း ပြင်းထန်သော စိတ် ခံစား ချက် မျိုးစုံကို ဖြစ်စေခဲ့သည်။ အမေရိကန်နိုင်ငံသားများအတွက် ခြိမ်းခြောက်မှုမျိုး ဖြစ်နိုင်ခြေ မရှိသော် လည်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးတ၀ိုက် ကိုရှောင်ကြဉ်ကြရန် အထူး သတိပေး လိုသည်။ ဖြစ်ပေါ်နေခဲ့သော တင်းမာမှုများကြောင့် ဈေးဆိုင်များပိတ်လိုက်ရသည်။ အနီးတ၀ိုက်တွင် ရဲတပ် ဖွဲ့အင်အား အများအပြား ချထား သည်ဟု သိရသည်။

ပတ်ဝန်းကျင်အခြေအနေကို အမြဲနားစွင့်နေရန်၊ သံသယဖြစ်ဖွယ်တစ်စုံတစ်ခု ရှိပါက နီးစပ်ရာ အာဏာပိုင် အဖွဲ့ အစည်းသို့ အကြောင်း ကြားရန် တိုက်တွန်းလိုသည်။
 
ခရီးသွားများအနေဖြင့်မြန်မာနိုင်ငံ အခြေအနေ Update ကို
ကိုဦးစွာဖတ်ရှုရန် အမေရိကန်နိုင်ငံသားများ အရေးပေါ် လိုအပ်ပါက သံရုံးဖုန်း နံပါတ် (95)(9) 5124330 သို့ခေါ်ဆို၍ Duty Officer (သို့) Consular Officer သို့ပြောဆိုရန် ညွှန်ကြားထားသည်။ 

FROM အဖြူရောင်စာမျက်နှာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်