ယခု မတ်လ ၂၇ ရက်နေ့ တွင် နေပြည် တော်၌
ကျင်းပပြု လုပ်မည့် (၆၈) နှစ်မြောက် တော် လှန်ရေးနေ့ (တပ်မတော်နေ့) တွင် စစ်ရေးပြ စစ်ကြောင်း
ကြီးများနှင့် ပါဝင် ချီတက် အလေးပြု ကြမည့် လေကြောင်းရန် ကာကွယ် ရေး တပ်ဖွဲ့ ကိုယ်
စားပြု စစ် ကြောင်းက ယခု နှစ်တွင် မြန်မာ့ တပ်မတော် သုံး လေ ကြောင်းရန် ကာကွယ် ရေး
မြေပြင်မှ ဝေဟင် ပစ် ဒုံးကျည် များကို စစ်ရေးပြ ပွဲသို့ တက်ရောက် ကြည့် ရှု ကြမည့် အများ
ပြည်သူ များ လေ့လာ ကြည့်ရှု နိုင်မည် ဖြစ် သည်။
ထို့အပြင် BTR. 3 U အမျိုး အစား
စစ် သည် တင် သံချပ် ကာယာဉ် (Armoured Personnel Carrier) များ၊ အကြီး စား ကာ ကွယ်ရေး
ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ များမှ ထုတ်လုပ်သည့် နောင်ရိုး ဂျစ်များ ကိုလည်း ပြသ သွား
မည် ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာ များတွင် ဖော်ပြ
ထားသည်။ ယခင်က မြန်မာ့ တပ်မတော် စစ် လက်နက် ပစ္စည်း အသစ် အဆန်း များကို လျှို့ဝှက် အဆင့်
သတ်မှတ် ခဲ့ကြ သော်လည်း ယခု ကဲ့သို့ ထုတ်ပြ ခြင်းမှာ မြန်မာ့တပ် မတော် အနေဖြင့် ပွင့်လင်းမြင်
သာမှု ပိုမို ရှိ လာ ခြင်း ဖြစ် သည်။ ယခု ပြ သမည့် မြေ ပြင်မှ ဝေဟင်ပစ် ဒုံးကျည်
အမျိုး အစား မှာ S-125 Pechora အမျိုး အစား ဖြစ်ပြီး ရုရှား သမ္မတ နိုင်ငံ ထုတ် စစ်
လက်နက် ပစ္စည်း ဖြစ်သည်။ နေတိုး (NATO) က SA-3 GOA ဟု အမည် ပေး ထား သည်။
လောင် စာ ခဲ
သုံး တာ တို ပစ် ဒုံး ကျည် အမျိုး အစား ဖြစ်သည်။ အလွယ် တကူ ရွှေ့ပြောင်း သယ် ဆောင် နိုင်ပြီး
ဒုံး ကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲ ထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ ထိန်းပါ
မြေ ပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုး အစား ဖြစ်ကြောင်း သိရ သည်။
မောင်ကျော်
The Hot News
The Hot News
Time in Rangoon


2 comments:
very good,very good.
စစ်ရေးစစ်ရာမှာအကုန်လုံးပွင့်လင်းမြင်သာလို့မရပါ စစ်တို့ရဲ့သဘောမှာလျှို့ဝှက်လေ ရန်သူခန့်မှန်းရခက်လေ မိမိအတွက်အားသာချက်ရလေဘဲ။
Post a Comment