Tuesday, March 26, 2013

လိင်ဝန်ဆောင်မှုကို စကိုင်းပ်မှကြည့်ရှုကာ အမိန့်ပေးသူ တရားစွဲခံရ

Posted by drmyochit Tuesday, March 26, 2013, under | No comments




ပြည့် တန်ဆာ အဲလက် ဆီသည် အသက် ၆၁ နှစ် အရွယ် အဖိုးကြီး တစ်ဦးနှင့် အနှိပ် ခုံပေါ်တွင် ဒေါ်လာ ၂၅၀ တန် ၀န်ဆောင် မှု ပေးနေ သည်ကို ၎င်း၏ လုပ် ငန်းဖော်က အိမ်မှာ ကွန်ပျူတာနှင့် စကိုင်းပ်မှ တဆင့် ကြည့်နေ သည်ကို ဂျူရီ လူကြီး များအား ဗီဒီိယို အခွေပြပြီး အမှု လိုက်က တင်ပြ ခဲ့သည်။ 

အဲလက်ဆီ ကိုယ်တိုင် ရိုက်ကူး ထားသော မလိုလားဖွယ်ရာ သက်သေပြ ချက်များမှာ ၎င်းဧည့်သည်နှင့် ကြေးညှိ နေသည့် အတွက်နှင့် ၀န်ဆောင်မှုအပြီး ငွေလက် ခံနေ သည့် အကွ က်များ ဖြစ်သည်။ ပြည့်တန် ဆာမှုကို အားပေး သည့် အတွက် တရား ရင်ဆိုင် နေရသည့် မာ့စ်စ ထရောင်းကို အစိုးရ ရှေ့နေက အဲလက် ဆီကို စကိုင်းပ်မှ ကြည့်နေသည့် အပြင် တစ်ရင်လျှင် ဧည့်သည် နှစ်ယောက်သာ လက်ခံရ မည့် အစား သုံးဦး လက်ခံစေရန် တိုက်တွန်းသည့် အတွက် တရား ရင်ဆိုင် စေခြင်း ဖြစ်သည်။ 

ဧည့်သည်များ ၀န်ဆောင်ပေးရာတွင် ၀န်ဆောင်မှုကို ဗွီဒီယို ကင်မရာမှ ကြည့်ရှုခြင်း လည်း ပါဝင်သည်။ အဲလက် ဆီက မနက်ဖြန်အတွက် တစ်နာရီစီ ကြာအောင် လူနှစ်ဦးကို ၀န်ဆောင်မှု ပေးရမည်ဟု ဆိုချိန် တွင် သုံးဦးနှင့် တွေ့ဆုံလျှင် ပိုကောင်းမည် မဟုတ်လားဟု မေးခဲ့သည့် သူမှာ စထရောင်းဖြစ်သည်ဟု ရှေ့နေ က ပြောသည်။ အဲလက်ဆီက နောက်ရက်တွင် ကောင်းတက်ရန် ရှိနေသေး သဖြင့် မဖြစ်နိုင် ဆိုသော် လည်း ထိုလူက သုံးယောက်ကို လက်ခံ ထား ပြီးပြီဟု ပြောကာ သူမကို တိုက် တွန်း သည်ဟု ထွက် ဆို သည်။ ယင်းနောက် သူမ အတွက် မည့်သည့် ဧည့်သည် မျိုးကို လက်ခံ ပေးရမည်လဲဟု မေးသည်။ 

ဂျူရီ များကို ပြသည့် ၎င်း ၃၆ မိနစ်ကြာ ရိုက်ကူး ထားသော ဗွီဒီယိုမှာ အဲလက်ဆီ အိမ်မှ သိမ်းယူ ရရှိပြီး ၎င်းကို စထရောင်း ကွန်ပျူတာထဲတွင် အဲလက်ဆီ၏ ၀န်ဆောင် မှုနှင့် ပက်သက် သည့် အခြားပုံပေါင်း ၁၃၀၀ ကျော် ရှိသေး သည်။ အခြား ရီပို့များလည်း ပါဝင်သည်။ စ ထရောင်း သည် လက်ထပ်ထားသူ တစ်ဦး ဖြစ်ပြီး ကလေး လည်း နှစ်ယောက် ရှိသည်။ သူက အဲလက်ဆီကို လေ့ကျင့်ခန်း စတီဒီယို တစ်ခု အကြွေးနှင့် ထောက်ပံ့ ထားပြီး လုပ်ငန်း တွဲဖက် လုပ်ကိုင်သည်ဟု ထွက်ဆိုသည်။ 

ထို့အပြင် အဲလက်ဆီနှင့် ပက်သက်မှု ရှိ၍ အဲလက်ဆီ အခြား သူများနှင့် မရှုပ်စေရန် အွန်လိုင်းမှ အွန်လိုင်းမှ စောင့်ကြည့် ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုသည်။ အဲလက်ဆီသည် ငွေကြေး လက်ခံပြီး လိင် လုပ်ငန်း လုပ် ကိုင် သူများလည်း ဖြစ်ကြောင်း စထရောင်း ရှေ့နေကဆိုသည်။ အစိုးရ ရှေ့နေကမူ စထရောင်းသည် အဲလက် ဆီ အတွက် ဧည့်သည်များကို လက်ခံ ပေးခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ 

ထို့အပြင် တိုက်တွန်းမှု များလည်း ရှိကြောင်း ပြောသည်။ စတူဒီယိုတွင် အ၀တ်မဲ့ ပုံစ(ပို့စ်)ပေးခြင်း များ လည်း ပြုလုပ်ခိုင်းကြောင်း ဆိုသည်။ ထို့အပြင် အဲလက်ဆီ သူ၏ စတူဒီယိုတွင် ၀န်ဆောင် မှု ပေးနေစဉ် တွင် လည်း ဓါတ်ပုံများ ရိုက်ကူး ထားသည်ကို ဂျူရီများက တွေ့ရှိသည်။ ၎င်းပုံများ ရိုက်ကူး ထားခြင်းကြောင့် စထရောင်း သည်ကို ဂျူရီများက တွေ့ရှိသည်။ 

၎င်းပုံများ ရိုက် ကူး ထားခြင်းကြောင့် စထရောင်းသည် လုပ်ငန်း တွင်ကျယ်စေရန် ဆောင်ရွက်ထားသည်ဟု လည်း အစိုးရ ရှေ့နေက ပြောသည်။ စထရောင်း၏ ရှေ့နေကမူ အဲလက်ဆီ သည် လိုက်လဲ ဆွဲဆောင်နေ ကြောင်း ပီဇာ ပို့သည့် အလုပ်သမား ကိုပင် မုန့်ဖိုး ပေးဆွဲဆောင်ခဲ့ကြောင်းဆိုသည်။

From: Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်