Tuesday, March 26, 2013

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား

Posted by drmyochit Tuesday, March 26, 2013, under | No comments

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ် ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော် ယာဉ် နှစ်စီးနှင့် ဆိုင်ကယ် သုံးစီး ပျက်ဆီးမှု ဖြစ်ပွား ခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗ လီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ 

ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက်ရှိပြီး ဒေသခံလူများမှာမူ နောက်ဆက် တွဲ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင် ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဈေးဆိုင် ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။ 

ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များ ဆက်တိုက် ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညက လည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန် အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော် သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ 

လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများကို ဖမ်းဆီး ရမိခြင်း မရှိသေး ဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှ စတင်ပြီး ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက် ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ 

မတ်လ ၂၆ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန်က ရရှိသော သတင်းများအရ ကြို့ပင်ကောက်မြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ကြောင်း သိရသည်။ 

ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 

ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ်

News From: Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်