Tuesday, March 26, 2013

အကျဉ်းစခန်းတွင် အစောင့်များ၏ ညလုံးပေါက် မတရားကျင့်ခံရသည့် အမျိုးသမီးများက တရားခံများကို ရုံးတင်နိုင်ခဲ့

Posted by drmyochit Tuesday, March 26, 2013, under | No comments

 ဘော့စ၀ါနာ အကျဉ်း စခန်းတွင် အစောင့်များ၏ ညလုံးပေါက် မတရား ကျင့်ခံရသူ အမျိုး သမီးသည် သူ(မ)၏ ကြောက် မက်ဖွယ် အဖြစ် ဆိုးကို ဖော်ထုတ်ကာ တရားခံများကို ရုံးတင် ဆောင်ရွက် နိုင်ခဲ့ သည်။ နျူရှာတာစီဘက်သည် ညလုံးပေါက် ကြုံတွေ့ ရမှုများကြောင့် စိတ် ဒဏ်ရာ ရနေသည့် အမျိုးသမီး ၃၇ ဦးတွင် အပါအ၀င် ဖြစ်ပြီး လက်တွေ့တွင် သူတို့သည် အချင်းချင်း ၎င်းအကြောင်းကို ပြောဆိုခြင်းပင် မပြုနိုင်ကြပေ။
 
 စောင်းငဲ့ ကြည့်ရုံဖြင့်ပင် မည်မျှ ခံစားရသည်ကို ကိုယ့်တွေ့နှင့် ကိုယ်ချင်းစာ နိုင်သည်။ သို့သော် စီဘတ်၏ ဆောင် ရွက် အားထုတ်မှုတွေကြောင့် သူတို့ စုစည်းကာ ဘော့စနီးယား တစ်လျှောက်ရှိ အမျိုးသမီးများသည် တရားရုံး တွင် နိုင်ငံတက ဥပဒေများအရ သက်သေ ထွက်ဆို နိုင်ကြပြီ ဖြစ်သည်။ လူသုံးဆယ်သည် သည်ဟိတ် ရှိ နိုင်ငံတကာ စစ်ခုံရုံးတွင် တရားစွဲ ခံနေရပြီး ကျန် ၃၀ မှာ ဆက်လက် စစ်ဆေးဆဲဖြစ်သည်။ စီဘတ်သည် သူမ ကို နှစ်လ တိုင်တိုင် ညလုံးပေါက် အကြမ်းဖက်ခဲ့သူကို ရုံးတင်နိုင်ခဲ့သည်။ 
 
သို့သော် သူမ ထိုသော ဆောက်ရွက်နိုင် ရန် လျှောက်လှမ်းခဲ့ရသည့် ခရီးကား ခက်ခဲလှသည်။ ပထမပိုင်း က သေ ပစ် လိုက်ရန်သာ ဆုတောင်း နေခဲ့ သည်။ နှိပ်စက်မှု များကြောင့် သေသွားလျှင်ပင် ဘုရား သခင် ကို ကျေးဇူးတင် နေဦးမည် ဖြစ်သည်။ ထို့အပြင် ဘော့ စနီးယား ဆာဘ် အစောင့်များ၏ သတ်ဖြတ် နှိပ်စက် မှု များကို လည်း သူမ မြင်တွေ့ ခဲ့ရ သေး သည်။ သူမကို နံရံနှင့် ကြမ်းပြင်ပေါ်ရှိ သေသူတို့နှင့် နှိပ်စက် ခံရသူ တို့၏ သွေး များကို ရှင်းလင်းခိုင်းသည်။ 
 
၎င်းတို့ ၏ မျက်နှာ များကို မှတ်မိနေအောင် ကြည့်ထားရမည်။ တစ်နေ့ ရုံးတင်လျှင် မှတ်မိအောင် ဖြစ်သည် ဟုလည်း ကိုယ့်ကို ကိုယ် သတိ အမြဲပေး နေရသည် ဟုလည်း ပြောပြသည်။ တစ်နေ့တွင် လောက ငရဲ အဆုံးသတ် လိမ့်မည်ဟု နောက်ပိုင်းတွင် ယုံကြည် လာကြောင်း အေပီသို့ သူမက ပြောသည်။ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ်က စီဘတ်နှင့် အခြား အမျိုးသမီးများသည် စစ်အတွင်းက ယင်းသို့ ပြုမူ သူများ ကို ပြစ်ဒဏ် စီရင် နိုင်အောင် ဆောင်ရွက် နိုင်ခဲ့သည်ဟု ဆိုသည်။ 
 
ယင်းသို့ ဆောင်ရွက်မှုနှင့် ၎င်းတို့၏ အတွေ့ အကြုံများ အပေါ် မျှဝေပေးသော သူများကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ဆိုင်ရာ ကုလ အထူး ကိုယ်စား လှယ်က အားပေး ခဲ့သည်။ သို့မှသာ ယင်းသို့ ကြုံတွေ့ ခဲ့ရသည့် အမျိုးသမီးများ အပေါ် ခွဲခြား ဆက်ဆံ ခြင်းများ ပျောက်ကာ ကူညီမှုများ လုပ်လာမည်ဟုလည်း ဆိုသည်။ ဘော့စ၀ါနာ၏ ၁၉၉၂-၉၅ စစ်ပွဲ သည် သွေးထွက် သံယိုမှု အများဆု့း လက်ကိုင် စစ်ပွဲ ဖြစ်သည်။ လူပေါင်း တစ်သိန်းကျော်လည်း သေဆုံး ခဲ့ရ သည်။ ယူဂို ဆလဘ်ဖက်ဒရေးရှင် ပြိုကျပြီး လွတ်လပ်ရေးများလည်း ခွဲယူကြသော အချိန်ဖြစ်သည်။

Source: AP

Credit: Myanmar Daily News

Myanmar Froward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်