Tuesday, March 26, 2013

အညာ(၅)ရွာ ဘုရားပွဲတော်တွင် အရက်သမားများ ဆူပူအကြမ်းဖက်မှုကြောင့် ဇာတ်ပွဲရပ်နားရ

Posted by drmyochit Tuesday, March 26, 2013, under | No comments


မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါ ခရိုင် အ တွင်း ဘုရား ပွဲတော်၊ လှူပွဲတော် များတွင် အရက် ဆိုင်များ ဖွင့်လျှစ် ရောင်းချ သည့် အ တွက် ဘုရား ပွဲတော် အတွင်း ဆူ ပူခြင်း၊ မူးရစ် သောက် စားသူ များပြား ခြင်းများ ဖြစ်ပေါ် နေပြီး ပွဲတော် မကရ သည့် အထိ ဖြစ်ပေါ် လျက် ရှိ ပါ သည်။

တပေါင်း လပြည့် နေ့တိုင်း ကျင်းပ ပြုလုပ် သည့် ရေရှင် ကျေးရွာ၊ တောင့်တက် ကျေးရွာ၊ ပြင်လယ် ကျေး ရွာ၊ ကြန်တော ကျေးရွာ၊ ကံကြီးကျေးရွာ ချီချောင်း သောက် အညာ (၅) ရွာ စုပေါင်း ပြုလုပ် သည့် တောင့် တက် ကျေးရွာ ရှိ ဗုဒ္ဓ ပူဇ နိယ ပွဲ တော်တွင် (၂၄- ၃- ၂၀၁၃) ရက်နေ့ ညတွင် အရက် သမား များ ဆူပူ အကြမ်း ဖက် မှုကြောင့် ပွဲ မက ရသည့် အတွက် ဇာတ်ပွဲ ရပ်နား ရသည် အထိ ဖြစ်ခဲ့ ပါသည်။

ယခုလို ဖြစ်ပွား ရခြင်းမှာ ပွဲတော် အတွင်း အရက်ဆိုင်များ ၁၀ ဆိုင်ခန့် ဖွင့်ခွင့် ပြုခြင်း တောင့် တက်ကျေး ရွာတွင် တော အ ရက် ချက်ဖို့ ၅ ဦးခန့် ခွင့်ပြုထားခြင်း၊ ပြင်လယ် ကျေးရွာတွင် အရက်ဖို ၂ ဦးခန့်ရှိ သည့် အပြင် ပွဲတော် ကျင်းပရေးတွင် ဖြတ်လာရသည့် ကဲကြီးကျေးရွာတွင် အရက်ဆိုင်ပေါင်း ၁၀ ဆိုင်ခန့် ရှိပြီး ပွဲတော် အတွင်း ပါဝင်ခွင့် ရောင်းချကြသည့်အတွက် ဘုရား ပွဲတော်နဲ့ မူတော့ဘဲ အရက် ဈေးရောင်း ပွဲတော် ကဲ့သို့ ဖြစ်နေပါသည်။ အစိုးရ အနေဖြင့် တရားဝင် ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ အရက် ဆိုင် များကို စည်းကြပ် သင့်ပါကြောင်းနှင့် ကျေးရွာ အုပ်စု တိုင်းတွင် အုပ်ချုပ်ရေးမှူး၊ စာရေးများ ရှိသော် လည်း တရား မ၀င် အရက်ဆိုင်များ လွတ်လပ်စွာဖြင့် ထားသည်ကို ကြည့်ခြင်း အားဖြင့် ပက်သက် မှုများ ရှိ နေကြောင်း၊ ပြည်သူများ သိရှိသော်လည်း မပြောရဲ မဆိုရဲ ဖြစ်နေကြသည်။ အရက် သမား များကြောင့် ဘုရား ပွဲတော် သရုပ်ပျက်ခြင်း၊ ဆူပူခြင်းများ ဖြစ်နေသဖြင့် သက်ဆိုင်ရာတို့ မျက်ကွယ် ပြုမနေ ဘဲ ထိထိ ရောက် ရောက် အရေးယူ ဆောင်ရွက် ပေးပါရန် ဒေသခံ တစ်ဦးက Myanmar News Now ကို ပြော ပါ သည်။ နောက်တ န်ခူး လတွင် လည်း ကျောင်းကြီး ရှင်ချစ် ဂေါစဂန် (၅၃)ရွာ ယောဘုရားပွဲတွင်လည်း နှစ်စဉ် အရက်ဆိုင်၊ ဘီယာဆိုင်များ၊ ခွင့်ပြု ရောင်းချ သည့်အတွက် ပွဲ ဆူပူမှု ဖြစ်ပေါ်လာမည်ကို ပြည်သူ များ စိုးရိမ် နေကြောင်း သိရသည်။

From: Thit Htoo Lwin

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်