Monday, March 25, 2013

ပဋိပက္ခဖြစ်အောင် သွေးထိုး လှုံ့ဆော် နေသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

Posted by drmyochit Monday, March 25, 2013, under | No comments















မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မင်္ဂလာဈေးနှင့် ယုဇနပလာဇာအနီးရှိ ဆိုင်များ အချိန်စော ပိတ်သိမ်းခဲ့ သည် ကို တွေ့ရစဉ်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပဋိပက္ခဖြစ်အောင် လှုံဆော်သွေးထိုး နေသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် လူမှု အဖွဲ့အစည်း အသီးသီးနှင့် ရန်ကုန် နယ်နမိတ်အတွင်း နေထိုင်သူ ပြည်သူများမှ ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

“ဒီလို သွေးထိုး လှုံ့ဆော် သူတွေကို အမြန်ဆုံး ဖမ်းဆီး သွားနိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေ နဲ့ လည်း နေရာအနှံ့ ချထားပြီး လုံခြုံရေးယူပြီး လုပ်ဆောင်နေပါတယ်။ နောက်ပြီး အဓိကပါဝင်ဖို့ လိုအပ် တာ ပြည် သူတွေ ယုံကြည်မှုရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ပူပေါင်းပါဝင်တာ အားနည်းနေ ပါ တယ်။ ပြည် သူတွေ ရဲ့ ကြောက်ရွံ့ မှုတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းမှန် လမ်းမှန်တွေ ချပြဖို့ အတွက်ပါ။ ပြီးတော့ ပြည်သူတွေ ကိုယ်တိုင် လည်း ဒီလို လှုံ့ဆော်မှုတွေကို အကောင်းဆုံး စဉ်စား နေထိုင်ပြီး လှုံဆော် သူတွေ တွေ့ ရင်လည်း အမြန် ဆုံး ရဲတပ်ဖွဲ့နဲ့ ပူပေါင်းပါဝင်မှုတွေ လုပ်ဆောင်ကြရပါလိမ့်မယ်။ ဒါဟာလည်း နိုင်ငံသားတစ်ယောက် လုပ်ဆောင်ရမယ့် တာဝန်ကို အပြည့်ဝဆုံး လုပ်ဆောင်ခြင်း ဖြစ် ပါတယ်” ဟု ရန်ကုန်ုတိုင်း ဒေသကြီး ဒုတိယ တိုင်း ရဲတပ်ဖွဲ့မှူး ဦးသက်လွင်က ပြောသည်။

ထို့အပြင် Facebook နှင့် ၀က်ဘ်ဆိုက်အချို့တွင် ဖော်ပြနေသည့် အကြောင်းအရာများကလည်း လှုံ့ဆော်မှု များကို ပိုမို ဖြစ်ပေါ်အောင် လုပ်ဆောင်နေကြောင်းနှင့် နားလည်မှု မရှိသူများကို ဖျက်ဆီးမှုများ လုပ်နေ သည်ဟု ယူဆ ကြောင်း ဦးသက်လွင်က ဆက်လက် ပြောကြားသည်။

ယမန်နေ့ညက ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း လူအုပ်စု တစ်စုမှ သွေးထိုး လှုံ့ဆော် မှု တစ်ခု ပြုလုပ် ခဲ့ပြီးနောက် နေထိုင်သူ ပြည်သူများမှာ အလန့်တကြား ဖြစ်ခဲ့ပြီး လူအုပ်စု အများအပြား ထွက်ပေါ် လာ ခဲ့ကြောင်း၊ ထိုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေး အများအပြား ချထား ခဲ့ပြီး ထိုသို့ သွေးထိုးလှုံ့ဆော်သူများကို ဖမ်းဆီးနိုင်ရန် ဆက်လက်လုပ်ဆောင် လျှက်ရှိကြောင်း ရန်ကုန် တိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခု ရက်ပိုင်း အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင်နေသည့် ပဋိပက္ခ သတင်းများမှာ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်ကို လိုလားသူမရှိသည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးသက် လွင်၏ သုံးသပ် ပြောကြား ချက်အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မြောက် ဒဂုံ၊ တောင် ဥက္ကလာ ပနှင့် သန်လျင်မြို့နယ်များတွင် ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် လှုံ့ဆော် မှု အခြေ အနေ များ ရှိနေကြောင်း ၄င်းမြို့နယ် နေသူတို့၏ ပြောကြားချက်များအရ သိရသည်။

ထိုသို့ အခြေ အနေများ ရှိနေသည့် နေရာများကို လုံခြုံရေးအင်အား နှစ်ဆနီးပါးခန့် တိုးမြင့်ချထားကြောင်း ဦးသက် လွင်က ပြောသည်။


ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ပဋိပက္ခအချို့မှာ လွန်ခဲ့သော သတင်းပတ် ၆ ပတ်ခန့်က သာကေ တ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအားလည်း စုံစမ်းလျှက် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သာမန် ရွှေ အရောင်း အ၀ယ် တစ်ခုမှနေပြီး ဘာသာရေး ပဋိပကများနှင့် အကြမ်းဖက် လုယက် မှုများ ဖြစ်ပေါ် ခဲ့သော မိတ္ထီလာမြို့၊ ရမည်းသင်းမြို့နှင့် လယ်ဝေးမြို့ ဖြစ်စဉ်များတွင် ၃၂ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိခဲ့ကာ လှုံ့ဆော်သူဟု ယူဆရသူ ၃၅ ဦးအား ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူ ဆောင် ရွက်နိုင် ရန် စီစဉ် လျှက် ရှိသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်