Monday, March 25, 2013

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

Posted by drmyochit Monday, March 25, 2013, under | No comments

 ရန်ကုန်၊ မတ် ၂၅

ကိုရီး ယားနိုင် ငံသို့ သွားရောက် အလုပ် လုပ်ကိုင် ခွင့် ရရန် ကွန်ပြူ တာ အခြေပြု စစ်ဆေး သည့် ပုံစံဖြင့် ပြောင်း လဲ စစ်ဆေး တော့မည်ဟု သိရ သည်။

သမာ ရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်း လဲ စစ်ဆေးနိုင်ရန်အတွက် ကွန်ပြူ တာ အခြေပြု စာစစ် ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲ တွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူ လုံရေး ၀န်ကြီး ဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီး ဌာန ကိုရီးယား လူ့ စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အ စည်း(HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ၀န်ထမ်း များ တက်ရောက် ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်း မှုများ မရှိစေ ရန် အရည် ချင်း စစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမားစေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ် သမား ခေါ် ယူမှု ကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင် ငံမှာ ကိုရီးယားနိုင်ငံသို့ ၂၀၀၈ မှ တရားဝင်လုပ်သားများကို စာမေးပွဲဖြေ ဆို ရွေးချယ် ၍ စေလွှတ် ခဲ့ရာ ယခုနှစ် အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

KNO
Popular

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်