Monday, March 25, 2013

ဂျပန် ဆယ်ကျော် သက် တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်

Posted by drmyochit Monday, March 25, 2013, under | No comments

အသက် (၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ် သူကို သဘော မကျကြောင်းနှင့် လူ့ ခန္ဓာ ကိုယ်အား ခွဲ စိတ်မှု အကြောင်း ပိုမို သိရှိ လို၍ ယခုလို လုပ်ဆောင် ခဲ့ခြင်းဟု ရဲများ ထံ ထွက် ဆို ခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့သည်။



ဂျပန်နိုင်ငံ တွင် ဆယ်ကျော် သက် လူငယ် တစ် ဦးသည် မယ်မယ် ရရ အကြောင်း မရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက် ခဲ့ကြောင်း သိရှိ ရသည်။ အသက် (၁၉)နှစ်ရှိ သံသယ တရား ခံက မိမိ သည် မိ ခင်ဖြစ် သူကို သဘော မကျ ကြောင်းနှင့် လူ့ခန္ဓာ ကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိ လို၍ ယခု လို လုပ်ဆောင် ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမည်ဖော် မပြသော အဆိုပါ လူငယ် သည် မိခင် ရင်းကို သတ်ဖြတ် ကာ ရေချိုး ခန်း ထဲတွင် အနည်း ဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ် ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြု ခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

စနေနေ့က ယင်းသတင်းကို ဆန်ကီဒေးလီး သတင်းစာက စတင် ဖော်ပြခဲ့သည်။ ယင်းလူငယ်သည် တိုကျိုမြို့ အနီးရှိ တိုက်ခန်းငယ် တစ်ခုတွင် မိခင်နှင့်အတူ နေထိုင်သည်။ ၎င်းသည် မိခင်ကို သတ်ဖြတ်ပြီး
နောက် အလောင်း ကို ရေချိုး ခန်းထဲ ဆွဲယူ လာကာ ရေချိုး ကန်ထဲတွင် အပိုင်း ပိုင်း ဖြတ် ခဲ့သည်။ ထို့နောက် တွင် မူ အဆိုပါ လူ့ခန္ဓာကိုယ် အပိုင်း အစများ ပြည့်နေသည့် ရေချိုး ကန်ကို ရေအပြည့် ဖြည့်ခဲ့ပြီးမှ အပိုင်း အစ များကို ပလတ်စတစ် အိတ်များထဲတွင် ထည့်ကာ တစ်ထုပ်ချင်းစီ စွန့်ပစ်ခဲ့ကြောင်း ရဲများ က ပြောဆို သွားသည်။

၎င်းက "ကျွန်တော် သူ့ကို မကြိုက်ဘူး"၊ "သူက ရိုးရိုးသာမန် လူတစ်ယောက်ပါပဲ"စသည့် မှတ်ချက်များသာ မိခင်နှင့် ပတ်သက်၍ ရဲများထံ ပြောကြားခဲ့သည်။ ၎င်းက မိမိသည် လူ့ခန္ဓာကိုယ်အား ခွဲစိတ်ဖြတ်တောက် ရသည် ကို စိတ်ဝင် စား မိကြောင်း လည်း ရဲများထံ ထွက်ဆိုခဲ့ကြောင်း ယူမီရီနှင့် မိန်နီချီ သတင်း စာများက ဖော်ပြခဲ့သည်။ ဂျပန်ဥပဒေအရ ယခုအသက်အရွယ်သည် အသက်မပြည့်သေးဟု သတ် မှတ်ခြင်းကြောင့် ၎င်း ၏ အမည်ကို သတင်း မီဒီ ယာများက ဖော်ပြ ခွင့် မရှိချေ။

၎င်းကို မတ်လ (၁၄)ရက်နေ့တွင် ရဲများက ဖမ်းဆီးခဲ့သည်။ အမျိုးတစ်ဦးက နေအိမ်သို့ လာရောက် လည်ပတ် စဉ် ခန္ဓာကိုယ် ကြွင်းကျန် အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့၍ ရဲအား တိုင်ကြားခဲ့ရာမှ ယခုလို အဖမ်းခံ ရခြင်း ဖြစ်သည်။ ရဲများက ယင်းအချိန်တွင် လူသတ်မှု ကျူးလွန်ပြီးသည်မှာ (၂)ပတ်မျှ ရှိပြီဟု ယူဆထား သည်။

Source: Yahoo

News From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်