Monday, March 25, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆိုင် အားလုံးကို ည ကိုးနာရီ နောက်ဆုံးထား ပိတ်ရ မယ်လို့ အမိန့်ထုတ်

Posted by drmyochit Monday, March 25, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အတွက် စားသောက်ဆိုင်၊ မီနီမား ကတ် စတဲ့ ဈေးဆိုင် တွေကို ဒီကနေ့ ညက စပြီး ည ၉ နာရီ နောက်ဆုံးထား ပိတ်ရ မယ်လို့ ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့က အမိန့် ထုတ်ပြန်လိုက် ပါတယ်။ ဒီ အမိန့် ထုတ်ပြန် ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှုးက RFA ကိုအခု လိုပြော ပါ တယ်။

" စားသောက် ဆိုင်တွေကို ည ကိုးနာရီ ထိပဲ ဖွင့်ဖို့ အမိန့် ထုတ်တာ ပါခင်ဗျာ၊ ကိုးနာရီ ကျော်တဲ့ အခါ ကျရင် သောက်စား မူးယစ်ပြီးတော့ တခြား ပြဿနာတွေ ဖြစ်မှာစိုးလို့ ည ကိုးနာရီ ထိသာ ဖွင့်ပါလို့ ကျွန်တော် တို့ အကြောင်းကြား ထားတာ ပါခင်ဗျ"

မနေ့ ညကလည်း ရန်ကုန်တိုင်း အတွင်းက အစ္စလာမ် ဘာသာ ဝင်တွေ အများဆုံး နေထိုင်တဲ့ မင်္ဂ လာ တောင်ညွှန့် မြို့နယ်မှာ လူစု လူဝေးနဲ့ ဆူပူဖို့ ကြိုးစား ခဲ့တာတွေ ရှိပါတယ်။


From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်