Monday, March 25, 2013

မိတ္ထီလာ ပြည်သူများမှ တပ်မတော်သားများကို တိုးမြှင့်ချထားရန် တောင်းဆို

Posted by drmyochit Monday, March 25, 2013, under | No comments

 ကိုးကွယ် ယုံကြည် သူအ မျိုး မျိုး စုပေါင်း နေ ထိုင် နေကြ တဲ့ မြန် မာနိုင် ငံမှာ ပြည်သူ အားလုံး ချစ် ကြည်ငြိမ်း ချမ်း နေ ထိုင်ကြ ဖို့၊ အစိုးရ အနေ နဲ့ လုံခြုံရေး ကိစ္စ တိုးမြှင့် ဆောင်ရွက် ဖို့ ဘာ သာ ပေါင်းစုံ ချစ်ကြည် ညီ ညွတ်ရေး အ ဖွဲ့က ဒီကနေ့ သေ ဘာ ထား ကြေညာ ချက် တစ်ရပ် ထုတ်ပြန် ခဲ့ပါ တယ်။

နှစ် ဦးနှစ်ဖက် ချစ် ချစ် ခင်ခင် ပြန်လည် နေထိုင် ကြဖို့ အတွက် ကြေညာ ချက် ထုတ်ပြန် ရ တာ ဖြစ်ကြောင်း ဘာ သာ ပေါင်း စုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေး မှူး ဒေါက် တာ သာ ဥာဏ်က RFA ကို ပြော ပါတယ်။

" ယခုဖြစ် တာ သာ မာန် အရောင်း အဝယ် အငြင်း ပွား မှု ပဲလေ အဲ့ ဒါ ဘာ သာရေး အထိနွယ် သွား စရာ အကြောင်း မ ရှိဘူး၊ အဲ့လို မဖြစ်အောင် အ တူသော ဘာသာ ဝင်တွေ က ငြိမ်းငြိမ်း ချမ်း ချမ်း ဖြေရှင်း ဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ် နေ ရ တာ လဲ၊ ဘာကြောင့် တစ် ယောက်နဲ့ တစ်ယောက် အဆင် မပြေချင်နေရ တာလဲ အဲ့ဒီ အဓိ အကြောင်း အ ရင်း ကို ရှာဖို့ ကြိုး စား ပါမယ်"

ဘာသာ ပေါင်းစုံက ခေါင်းဆောင် တွေပါ ဝင်တဲ့ အဲဒီ ထုတ်ပြန် ကြေ ညာ ချက်မှာ အစိုး ရဘက် က နှစ်ဖက်ပြည် သူ တွေ  ရဲ့ လုံခြုံရေး ကို ထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေး အရေး ယူဆောင် ရွက်ပေး ဖို့၊ ပြည် သူလူ ထု အနေ နဲ့ မေ တ္တာကို အခြေ ခံပြီး ငြိမ်းချမ်း စွာနေ ထိုင်ဖို့၊ မလိုလား အပ်တဲ့ ပဋိပ က္ခတွေ မှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ် တွေမှာ လည်း မပါဝင် ကြဖို့ မေတ္တာ ရပ်ခံ ထား ပါတယ်။

From:RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်