Monday, March 25, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာမှ ရဲသား သုံးဦးကို လွှတ်ပေးရန် မြန်မာကို တောင်းဆို

Posted by drmyochit Monday, March 25, 2013, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ မြန်မာက ဖမ်းဆီး ထားသော ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့ကို အမြန် ဆုံး ပြန် လွှတ်ပေးရန် တောင်း ဆို လိုက် သည်ဟု သ တင်း ရရှိသည်။

BGB ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံ အ မတ်ကြီး ဦးမျိုးမြင့် သန်းမှ တဆင့် ထိုသို့ တောင်းဆို ခဲ့သည်ဟု ဘင်္ဂလီ သတင်း စာများက ဆိုသည်။

သူတို့ ဖမ်းဆီး ခံရ သည်မှာ ၁၁ ရက် ရှိလာပြီး နောက် ပိုင်းတွင် သူတို့ လွှတ်မြောက်ရေး အတွက် ဘင်္ဂ လာဒေခ်ျ့ နိုင် ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်ကြီးကို မေတ္တာရပ်ခံ တောင်းဆို ထားခြင်း ဖြစ် သည်ဟု ဆိုသည်။

မြန်မာ နယ်စပ် နစက တပ်ဖွဲ့မှ  မိမိတို့ အနေဖြင့် ဖမ်းဆီး ထားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၄) ဦးကို လွှတ်ပေး ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထက် အမိန့်ကို စောင့် ဆိုင်းနေ ရ၍ ကြန့်ကြာနေ 
ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ BGB ကို အကြောင်းပြန်ကြားပြီးနောက် မြန်မာ သံအ မတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရဲသား ၃ ဦး အပါအ၀င် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲထိ လျို့ဝှက် ၀င်ရောက်ပြီး  ဓါတ်ပုံ ရိုက် ရာမှ မြန်မာ လုံခြုံရေး တပ်ဖွဲ့ နစကမှ ယခုလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်