Monday, March 25, 2013

နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ

Posted by drmyochit Monday, March 25, 2013, under | No comments

လွန် ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်း ရသော ရှေး 
ဟောင်း ဘုန်း တော်ကြီး ကျောင်းတော် တစ် ခုကို ဘင်္ဂလာဒေ ခ်ျ့ ရှေးဟောင်း သုတေ သန ဌာန မှ ရှာဖွေ တူး ဖေါ် ရ ရှိ ခဲ့သည်။

ကျောင်း တော်ကြီး ကို ပါလ မင်းဆက် ဒုတိယ ဓမ္မ ပါလ မင်း လက် ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာ သာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြော သည်။

ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ ရှိ ထားပြီး ဖြစ် သည်။

ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော် ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင် တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။

၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာ သာနှင့် ပတ် သက်သော ကျော်ကြားသော ပညာ ရှင် တစ်ဦး ဖြစ် သူ Atish Dipankar နေထိုင် ခဲ့ရာ နေအိမ် အနီး တွင် တည်ရှိ သည် ဟု ဆို သည်။
 
နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်