Sunday, March 24, 2013

ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး အိမ်မှာ သေဆုံးနေ

Posted by drmyochit Sunday, March 24, 2013, under | No comments

 
တရားရင်ဆိုင်ခဲ့ရတဲ့ အေဗရာမိုဗစ်ခ်ျ နဲ့ ဘာရာဇော့ဗ်စကီး

ဗြိ တိန်မှာ နေထိုင် နေတဲ့ ရုရှ သူဌေးကြီး ဘာရာ ဇော့ဗ စကီး ကို လန်ဒန် က သူ့ နေအိမ် မှာ သေဆုံး နေတာ ကို တွေ့ ရှိ ရ ပါ တယ်။

အ သက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ဘာရီ ဇော့ဗ စကီး ဟာ ၁၉၉၀ နှစ် တွေ မှာ ဆိုဗီ ယက် ပြည်ထောင် စု ပြို ကွဲ တဲ့ ကာလ မှာ အလွန် အောင်မြင် ချမ်း သာ လာတဲ့ စီးပွား ရေး သမား ဖြစ် ပါ တယ်။
 
၂၀၀၀ ခုနှစ် ရုရှမှာ မစ္စတာ ပူတင် သမ္မတ ဖြစ်လာ ဖို့ ကူညီ ကြသူတွေ အထဲ သူ ပါ ဝင် ခဲ့ပြီး နောက် ပိုင်း မှာ တော့ သမ္မတ ပူတင် ကို အပြင်း အထန် ဝေဖန် ခဲ့သူ ဖြစ် ပါတယ်။

ရုရှ က Chechnya ကို စစ်ပြု တာ၊ လွတ် လပ် စွာ ပြော ဆို ခွင့် ကို ပိတ် ပင် တာတွေ နဲ့ ပတ်သက်လို့ သမ္မ တ ပူတင် ကို သူ က ပေါ်ပေါ် ထင်ထင် ကို ထောက်ပြ ဆန့်ကျင် ပြော ဆို ခဲ့ပြီး နောက် ပိုင်း မှာတော့ နိုင်ငံတွင်း ကနေ သူ ထွက် ခွာ ခဲ့ပါ တယ်။

သူဟာ အကြိမ်ကြိမ် လုပ်ကြံခံ ခဲ့ ရပြီး ဒီ လုပ်ကြံ မှု တွေ ကနေ လွတ်မြောက် လာ သူလည်း ဖြစ် ပါ တယ်။

အခု လောလောဆယ် ကာလ အတွင်း မှာ တော့ သူ့ ပြိုင် ဘက် ရှရှ စီးပွားရေး လုပ်ငန်း ရှင် ရိုမန် အီဗရာမိုဗခ်ျ နဲ့ ဒေါ်လာ ဘီလီယံ ပေါင်း များစွာ တန်ဖိုး ရှိတဲ့ စီးပွားရေး ပိုင် ဆိုင်မှု တရား ရင် ဆိုင် ရာမှာ ရှုံး ခဲ့ပြီး  အ ကြွေး အ များ အပြား တင် နေ တယ် ဆို တဲ့ သတင်း တွေ ထွက် ခဲ့ ပါတယ်။

News Form: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်