Sunday, March 24, 2013

KIA တပ်မဟာ ဒေသတွေမှာ တိုက်ပွဲ လေးကြိမ်လောက်ဖြစ်

Posted by drmyochit Sunday, March 24, 2013, under | No comments

 တိုက်ပွဲ ဖြစ်နေတဲ့ ကချင်ဒေသက တနေရာ

ကချင် ပြည်နယ် မှာ ကေ အိုင်အေ တပ်တွေနဲ့ အစိုးရ တပ်တွေ ကြား တိုက်ပွဲတွေ ကြိုကြား ကိုကြား ဖြစ်နေ ရာမှာ အထူး သဖြင့် ရှမ်းပြည် နယ် မြောက် ပိုင်း ကေ အိုင်အေ တပ်မဟာ ၄ အတွင်း က နယ်  တွေနဲ့ ရွှေ ကူမြို့ နယ် အတွင်းက တပ်မ ဟာ ၂ တပ်ရင် ၅ နယ်မြေ တွေ အတွင်း မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

တပ်မ ဟာ ဒေသ တွေမှာ တိုက်ပွဲ လေး ကြိမ်လောက် ဖြစ်ခဲ့ တာလို့ ကေအိုင်အေ ပြောခွင့်ရသူ ဦလာနန်က ခန့် မှန်း ခဲ့ပြီး တချို့ မှာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ် တွေ ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ သလို တခြား နေရာ တွေ မှာတော့ ကေ အိုင်အေနဲ့ ပလောင် ပူးတွဲ တပ် တွေနဲ့  အစိုးရ တပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲေ တွမှာ ကေအိုင်အေ ဖက်က အထိ အခိုက် မရှိ ခဲ့ပေ မယ့် အစိုးရ တပ်တွေ ဖက်က ထိခိုက် ကျဆုံးမှု ကို သူ့ အနေနဲ့ မှန်း ရ ခက်ကြောင်း ဦးလာ နန်က ဆိုပါတယ်။

စစ်ရေး လျော့ဖို့ ပြောထား ပေမယ့် အခုလို တိုက်ပွဲ တွေ ထပ်ဖြစ်ခဲ့ တာနဲ့ ပတ်သက်လို့ မေးမြန်း ရာ မှာတော့ ခု လောလော ဆယ်မှာ ကေအိုင်အေ တပ်ရှိရာ နေရာ ကို အစိုးရ တပ်တွေက ချဉ်းကပ် လာ တာ ဖြစ်ပြီး ကေ အိုင်အေ တပ် မဟာ လက်အောက်ခံ တပ်ရင်း ၅ မှာ အစိုးရက စစ်တပ် အလုံး အရင်းနဲ့ လမ်းဖောက်တာတွေ လုပ် လာတာ ဖြစ်တယ် ၊ စစ်ရေး လှုပ်ရှားမှုမှာ ဗျူဟာ လမ်းဖောက်တာ ဖြစ်ပြီး ဆွေးနွေး ပွဲမှာ ကတိ ပေးခဲ့ ပေမယ့် ဒါကို လျစ် လျူရှု ပြီး ချဉ်းကပ် လာလို့ တိုက်ပွဲ ဖြစ် ရတာလို့ ဦးလာ နန်က ရှင်းပြ ခဲ့ပါတယ်။

အခုလို တိုက်ပွဲ တွေ ဖြစ် ခဲ့ပေမယ့် လာမယ့် ဧပြီလမှာ ကျင်းပမယ့် တွေ့ ဆုံ ဆွေး နွေးပွဲ အစီ အစဉ် တွေ အပေါ် ပျက်ပြား သွားစေ မှာ မဟုတ်ဘူး လို့  ပြော ကြောင်း သိရ ပါတယ်။

BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်