Sunday, March 24, 2013

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

Posted by drmyochit Sunday, March 24, 2013, under | No comments

တောင် ကုတ်မြို့တွင် ရခိုင် အရေး အခင်း လွန် နောက်ပိုင်း အစိုး ရ၏ ဒုက္ခသည်များ ပြန် လည် နေရာ ချ ထားခြင်း အစီ အစဉ် များ အပေါ် မကျေ နပ်၍ မတ်လ ၂၃ ရက်နေ့ မနက် ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြ ရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင် ခဲ့ကြ၍ ဦးဆောင် ပါဝင်သူ သုံးဦး အား ဒေသ ဆိုင်ရာ အာဏာ ပိုင်တို့က အရေး ယူ ထားကြောင်း တောင် ကုတ်မြို့ ရခိုင် လူမှု ကွန် ယက် တာဝန် ရှိ သူများ က ပြောသည်။

ဒုက္ခ သည်များ ပြန် လည်နေ ရာ ချ ထားရေး တွင် နိုင်ငံ သား စိစစ်ခြင်း မရှိဘဲ လုံးခြင်း အိမ်များ ချပေး မည့် အပေါ် တောင် ကုတ်မြို့ ရှိ ရခိုင် လူမှု ကွန် ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ က ဆန္ဒပြကြစဉ်။
(ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင် ကုတ်မြို့ လမ်း များပေါ် တွင် စီတန်း လှည့်လည် ဆန္ဒပြ ခဲ့ကြခြင်း
ဖြစ်သည်။

“ယာယီ ဒုက္ခ သည် စခန်းက လူတွေကို  အိမ်တွေ ဆောက် လုပ်နေ ရာ ချထား ပေး မယ် ဆိုရင် ပထမဆုံး သူတို့တွေ ကိုနိုင်ငံသား ဟုတ်မဟုတ် စီစစ် ဖို့လို တယ်။ ဒီလို ဥပဒေနဲ့ အညီ မဟုတ်ဘဲ တဖက် သတ် ဆုံးဖြတ် လုပ်ကိုင် နေတာ ကြောင့် ကျနော် တို့ ဆန္ဒ ဖော်ထုတ် ရခြင်း ဖြစ်တယ်” ဟု ရခိုင် လူမှု ကွန် ယက် အဖွဲ့ဝင် ကိုဇေ ယျကျော် က ဆိုသည်။

ဒုက္ခ သည် များ အတွက် ဆောက် လုပ်ပေး မည့် အိမ် များမှာ လုံးချင်း အိမ် များဖြစ် ကာ တူရကီနိုင် ငံမှ လှူဒါန်း ထားပြီး ပဋိ ပက္ခ ဖြစ်ပွားရာ မြို့နယ် များတွင် ဆောက်လုပ် သွားမည်ဟု သိရှိ ထား ရကြောင်း ကွန် ယက် ခေါင်း ဆောင် များက ပြော သည်။

ခွင့်ပြု ချက် မရဘဲ ဆန္ဒပြ သည့် အတွက် ရခိုင် လူမှု ကွန် ယက်မှ ခေါင်းဆောင် သုံး ဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်း လွင်စိုး နှင့် ဦးမင်း ထွန်းတို့အား သက်ဆိုင် ရာမှ အရေး ယူထား သည်။

“ညနေ ၃ နာရီလောက်မှာ ကျနော် တို့ အားလုံး ရုံးကို ရောက် တယ်။ မြို့နယ် ရဲတပ် ဖွဲ့မှူးက ဥပဒေ အရ အရေး ယူရ တာလို့ ပြော တယ်။ ကျနော် တို့ သုံးယောက်ကို အာမခံ နှစ်ယောက် စီနဲ့ ခံဝန် လုပ်ပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ ပြန်လွှတ်ပေး လိုက်တယ်” ဟု ဦး စိုးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော် တို့က ဥပဒေနဲ့ အညီ လုပ်ချင် ခဲ့တာပါ။ ဒါကြောင့် လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့် တင်ပြခဲ့ တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အ ညီ နောက် ဆုံးမှ ဒီလမ်း ကို ရွေးခဲ့ တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံ ပဲပေါ့ဗျာ” ဟု ၎င်းက ဆက်ပြော သည်။

ဆန္ဒပြ ခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ် ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့ နယ်က ပလပ် ခဲ့သည်။ မတ်လ  ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေး ထိုး၍ ပလပ် ခဲ့သည် ဟု ဆိုသည်။

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဆန္ဒဖော် ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြုလုပ်ခြင်း မဟုတ် ၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်း ဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အရေးယူ ထာရှိပြီး ၎င်းတို့ အား မခံဖြင့်ပြန် လွှတ်ပေး ထားကြောင်း သိရသည်။

စစ်တွေ ဆန္ဒပြ ပွဲကို စီစ ဉ် မှုဖြင့် ယာယီ ထိန်းသိမ်း ခံရရာ မှ အာမ ခံဖြင့် ပြန် လွတ် လာသူ စစ်တွေ လူမှု ကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေး က “ဒီနေ့ အ ထိတော့ အာမ ခံနှင့် လွှတ်ပေး ထားတဲ့ ဆန္ဒပြ ခေါင်းဆောင် တွေကို အာဏာ ပိုင် ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ် တာမျိုး မရှိ သေးဘူး” ဟု ပြောပြ သည်။

အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ်မှ တောင် ကုတ်မြို့ နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော် ထုတ်ခြင်း မှာ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ အရ နိုင်ငံသား တိုင်း ရပိုင် ခွင့်ရှိပြီး အစိုးရ အနေနှင့် ပွင့်လင်းမြင် သာမှု မရှိ ၍ ယခုလို ဆန္ဒပြ မှု များနှင့်ရင် ဆိုင်နေ ရကြောင်း ပြစ်တင် ဝေဖန် လိုက်သည်။

“ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်း မြင်သာ မှုနဲ့ အများကြီး သက်ဆိုင် နေတယ်။ သမ္မ တ ဦးသိန်း စိန် က နိုင်ငံ သားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက် တဲ့အခါ ပွင့်လင်း မြင်သာမှု မရှိဘူး။ ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ ဆောက် မယ် ဆို တာကို ဒေသခံ ရခိုင် လူမျိုးတွေ ဟာ သတင်း အရပဲ သိလာ ရတယ်။ အစိုး ရ ဆီက ဒီကနေ့ထိ မသိ ရသေးဘူး။ ဒါဟာ ပွင့်လင်းမြင် သာမှု မရှိ တာကို ပြနေ တာ။ ဒီလို ပွင့် လင်း မှု မရှိ လို့ ဆန္ဒပြ ပွဲတွေ ဖြစ်လာ ရတာပဲ”ဟု ဦးမင်းအောင် က ဆို သည်။

ဆန္ဒပြ ခွင့်နှင့် ပတ်သက် ၍ ပြည် နယ်နှင့် တိုင်း အလိုက်၊ တနေ ရာနှင့် တနေရာ ကျင့်သုံး ပုံချင်း မတူကြ သလို၊ ခွင့်ပြု ချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေ ဖန်ထောက်ပြ သည်။

ထို့အပြင် ရခိုင် ဒီမို ကရေစီ အဖွဲ့ချုပ် (ALD) အထွေထွေ အတွင်း ရေးမှူး ဦးမျိုးကျော် ကလည်း “နိုင်ငံ သား ဟုတ် မဟုတ် တောင် ကွဲကွဲပြားပြား မသိဘဲ ဘယ်လို လုပ်နေရာ ချမ လဲဗျာ။ ဒီကိစ္စ ALD က နဂို က ထဲက ပြောပြီး သား။ ဥပဒေ နဲ့ အညီ အမြန် စီ စစ်ပါ။ နိုင်ငံ သား ဖြစ်သင့် တဲ့ လူ ဖြစ် ရမယ်။ နိုင်ငံသား လက် မှတ် ရှိပြီး သား ဖြစ်ပေမယ့် မှန်မှန် ကန် ကန် ရထား တာ ဟုတ် မဟုတ် စီစစ် ဖို့ လို မယ်။ တကယ် လို့ မတော် မတရား နည်း နဲ့ နိုင်ငံသား လက်မှတ် ရထား တဲ့ သူတွေ ရှိရင် သူတို့ တွေကို နိုင်ငံသား မဟုတ် သူတွေနဲ့ အတူ Camp (ဒုက္ခ သည်စ ခန်း) မှာ ထားဖို့ ပြောခဲ့ တယ်။ ဒါဟာ ALD ရဲ့  မူပဲ” ဟု ဆို သည်။

ရခိုင် ပြည်နယ် အတွင်း ယမန်နှစ် ဇွန် လမှ စတင် ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် အသက် အိုး အိမ် ဆုံးရှုံး ပျက်စီး ခဲ့ရပြီး အောက် တို ဘာနှင့် နိုဝင် ဘာလ များက ကမ္ဘာ့ အစ္စလာမ် ပူးပေါင်း ဆောင် ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့် မှုအား ဆန့် ကျင် သည့် ဆန္ဒ ပြမှု များမှာ ရခိုင် ပြည်နယ် မှသည် အခြားမြို့ များ သို့ ပြန့် နှံ့ သွား ခဲ့ရပြီး နောက် ယခု ဆန္ဒ ပြမှု များမှာ ရခိုင်ဒေ သ၏ တ ကျော့ပြန် ဆန္ဒ ပြမှု များ ဖြစ် သည်။


News From: စစ်တွေ (မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်