Sunday, March 24, 2013

မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်

Posted by drmyochit Sunday, March 24, 2013, under | 1 comment


မိတ္ထီ လာ သတင်း နှင့်ပတ် သတ်၍ သိ လို သည် များ ကို ကျွန်တော့် message box ၊ တယ် လီဖုန်း များနှင့် ဆက် သွယ်ေ မးမြန်း လာ သည့် ကော လဟာ လ များနှင့် သတင်း များ ကို အမှား၊ အမှန် အ တည် ပြု ဖော်ပြ လိုက် ပါ တယ်။ ကျွန်တော် သိ လျှင် သိ သည့် အတိုင်း၊ မသိ လျှင် မသိ သည့် အတိုင်း ရိုးရိုး သား သား ဖော်ပြ လိုက် ပါ တယ်။


၁။ Q; မိတ္ထီလာ ရှိဖောင်တော်ထိပ် ရပ် တော်မှု ဆင်း တုကြီး တွေ အဖြို ခံရ တယ် ဆိုတာ ဟုတ် ပါ သလား။

A; လုံးဝ၊ လုံးဝ မ ဟုတ် ပါ။ ဆင်းတု နှစ်ဆူ၊ မှာ ဘက် စုံပြုပြင် ရန် အ တွက် လွန်ခဲ့သော တစ်လ
လောက် က တည်း ကမှ မြေ တူး ပြုပြင် နေတာ ဖြစ် ပါ တယ်။
 
၂။ Q; နာ ရီ စဉ် နား ရှိ ကမ္ဘောဇ ဘဏ် မီးလောင် သွား တယ် ဆို တာ ဟုတ် ပါ သလား။
A; လုံး ဝ မ ဟုတ် ပါ။ အစ တည်းက အသစ် ဆောက် လုပ် ရန် ပြုပြင် နေ တာ ပါ။
ကမ္ဘော ဇ ဘဏ် အ ပါ အဝင်၊ ရှိ ရှိ သမျှ ဘဏ် အား လုံး အန္တာ ရာယ် ကင်း ဘေး ရှင်း ပါ တယ်။

၃။ Q;  ယင်း တော် မင်း ကျောင်း ဓါတ် တော် တိုက် ကြီး ကို ဖြို ချ ပစ် လိုက် တယ် ဆို တာ ဟုတ် သလား။
A; လုံးဝ၊ လုံး ဝ မ ဟုတ် ပါ။

၎။Q; သီ တဂူ ဆရာ တော်ကြီး မိတ္ထီ လာကို ကြွလာ တယ် ဆို တာ ဟုတ် လား။ ဘယ်မှ သ တင်း သုံးလဲ။
 
A; သီ တ ဂူ ဆရာ တော်ကြီး မိတ္ထီ လာကြွ လာတယ် ဆိုတာ မဟု တ် ပါ။ ဖြစ်စ ဉ် ရက် ပိုင်း အ တွင်း မှာ
သီ တ ဂူ ဆ ရာ တော်ကြီး ဟာ ချင်း ပြည် နယ် မှာ ရှိ နေ တယ်လို့ ဆရာ တော်ကြီး ကိုသင်္ကန်း ကိုယ် တိုင် ကိုယ် ကျ ကပ် လှူ ခဲ့ တဲ့ ချင်း ပြည် နယ်ရှိ မိတ်ဆွေ ဆ ရာ ဝန်မှ ၁၀၀% အတည်ပြု ပြော ကြားပါ တယ်။ ဆ ရာ တော် ကြီးက ဆုံးမ စကား မိန့်ကြား ခဲ့တယ်ဆိုတာ မှန် ကန် ပါတယ်။

၅။Q;  ဦး ဝီ ရ သူ ကြွ လာ တယ် ဆိုတာ ဟုတ် သလား။

A; ဟုတ် ပါတ ယ် ။ဖြစ် ဖြစ်ခြင်း နောက် တစ် ရက် တန်းကြွ လာ တာ ပါ မြ စန္ဒာ သွပ်ပြား ဆိုင်ရှေ့
တန်း လျား လေးမှာ ထိုင်ေ န တာ ကို မျက်စိနှင့် တပ် အပ်မြင် လိုက် ပါတယ်။
 
၆။ Q; ကိုမင်း ကိုနိုင် တို့ ၈၈တွေ လာ သလား။
A ; ဟုတ်ကဲ့ လာတာ သေ ချာ ပါ တယ်။

၇။Q;  ကျန်း မာရေး စာစောင် တွေမှာ ရေး သား နေတဲ့ဒေါက် တာမြင့်ဦး (ထွေကု- ထီလာ)
(ဒေါက်တာမြင့်ဦး Gpမဟုတ် ) အကြီး အကျယ် ထိခိုက် ဒဏ် ရာ ရ တယ် ဆိုတာ ဟုတ် သလား။

A; ကျွန်တော့် မျက် စိနှ င့်တပ် အပ် မမြင် ၍ ၁၀၀% အ တည် မပြုနို င် ပါ။ သို့သော် ဆေး ရုံရှိ အသိ
မိတ်ဆွေ များနှင့် ဆ ရာကြီးနှ င့်နီးစ ပ် ရာ လူ များ ၁၀ဦးနှ င့်အ ထက် ကိုမေးကြည့်ရာ ဟုတ် မှန်ကြောင်း ပြောကြား ကြ ပါသည်။ ဆ ရာကြီး ဦးမြင့်ဦးဟာ အစ္စလာမ် ဘာ သာ ဝင် တစ်ဦး ဖြစ်ပေမယ့်  ဗုဒ္ဓ ဘာ သာ ဝင် များ ကပါ ချစ်ခင် ကြည် ညို သော ဆရာ ဝန်ကြီးဖြစ် ပါတယ်။ ဆရာကြီး ထက် ဆရာ ဝန်စိတ် ဓါတ် ပို ရှိတဲ့ ဆရာ ဝန်ကို ရှာပြပါ ဒေါ် လာ တစ်သန်း ပေးပါ မယ် ဆို ရင်တောင် ကျွန်တော် တွေ့ အောင် မရှာနို င်ပါ။ မိတ္ထီ လာမြို့ တီဘီ တိုက်ဖျက်ရေး မှာတက် တက်ကြွကြွ ပါဝင်ဆောင် ရွက်နေ သလို သူ့ ဘ ဝ တစ်လျောက် လုံး လူ မျိုး ဘာ သာ မရွေး အသပြာ အဓိက မ ထား စေ တနာဖြင့် သာကုသပေး သဖြင့်  အလွန် လည်း ဆင်း ရဲ ပါ တယ်။ ဒီ သ တင်း သာမှန် ခဲ့ရင်တော့ မိတ္ထီ လာမြို့ သူမြို့ သား များ အတွက် ကြီး မား တဲ့နစ် နာ မှုကြီး ပါဗျာ။

၈။Q;( အမျိုး သ မီး တစ် ဦးနှင့်အမျိုး သား တစ်ဦး သွေး အိုင် ထဲ တွင်လဲနေ သည့်ဓါတ်ပုံ ကိုဖော်ပြ ၍)
ဒီပုံတွေ က ကုလားတွေ ရိုက် သတ် ထား တဲ့ပုံလို့ facebook တစ် ခုမှာ တင် ထား လို့ဟုတ် ပါ သလား။
A; လုံး ဝ လုံး ဝမ ဟုတ် ပါဘူး။ ဒါ သတ် သတ် ယုတ် မာ တာ ပါ။ ဒီ ပုံတွေ ဟာ ယာဉ် စည်းကမ်း ထိန်း သိမ်း ရေးက ဆိုင်ကယ် အက် ဆီး ဒင့်ဖြစ် တဲ့ပုံတွေ ကို ပညာပေး ရိုက် ထား တဲ့ပိုစ တာ ကပါ။ မိတ္ထီ လာကန် ထိပ်က ပိုစတာ မှာ လာကြည့်  နိင် ပါ တယ်။ ဒီပုံတွေကိုချက်ချင်းဖျက်ပစ်ပါ။ ကျွန်တော် လည်းဖျက် ပစ် လိုက်ပြီ။ ဒီလို ပုံတွေတွေ့ရင် ရမ်း သန်းပြီး like တို့ share တို့မ လုပ် ပါနဲ့။


၉။Q; နာ မည်ကြီး ပြည် တွင်း မီဒီ ယာ တစ် ခု (နာမည်ပြော ပါသည်) ကတင် ထား တဲ့လူ ၁၀ယောက်ေ လာက် ကို မီးရှို  တား တဲ့ပုံက ကုလား တွေလား ဗမာ တွေလား။

A; ကုလား လား ဗ မာ လား သိ ချ င်ရင် တင် ထား တဲ့မီဒီ ယာ ကိုပဲ ဖုန်း ဆက်မေးကြည့် ပါခင်ဗျား။
ကျွန်တော့် အနေ နဲ့ဖြေ ဆိုရ န်တာ ဝန်မ ရှိပါ။
 
၁၀။Q;ဧရာဝတီသတင်းမှာတင်ထားတဲ့ ကလေးလေးတွေက စစ်ဖိနပ်ကိုကြည့်ပြီးကြောက်နေတဲ့ပုံ
ဘယ်လိုလဲခင်ဗျ။

A; ဒီ ပုံ ကို ကျွန်တော် လည်းကြည့် လိုက် ရပါ တယ်။ ပုံအောက် မှာတော့ပြန်လ ည်နေ ရာ ချ ထားပေးပုံ
လို့ရေး ထားပြီး ပုံကိုတော့ရည် ရွယ် ချက် ရှိ ရှိ၊ ယုတ် ယုတ် မာ တင် ထား တယ် ဆိုတာ ပေါ်လွင် ပါတယ်။ သူတို့ သာ ရိုး သား ရင် ကားနဲ့ သယ် သွား တဲ့ကား တစ်စီး လုးံပုံ ကိုဖော်ပြ ရမှာပေါ့။ အ ခုတော့ ကား ဘန်ပါ နောက်မှာ တက် ရပ်ပြီး ကာ ကွယ် မှုယူပေးနေ တဲ့ ရဲဘော်ခြေထောက် နဲ့ကြောက် နေ တဲ့ ကလေး မျက် နာ ကို ကွက်ပြီး ဖော်ပြ ထား တာ က ပြည် သူနဲ့ စစ်တပ် အကြား ရန်မီး ပွားအောင် သတ် သတ် ယုတ် မာ တာ လို့ ထင်ပါတယ်။ ဒီပုံကို မိတ္ထီ လာမြို့ သား တစ်ဦး အနေ နဲ့ကော ၊မြန်မာနိုင် ငံ သား တစ် ဦး အနေ နဲ့ပါ ပြင်း ထန် စွာ ကဲ့ရဲ့ ရှုတ်ချ ပါတယ်။ ဧရာဝ တီသ တင်း အနေ နဲ့ရိုးရိုး သား သား မှား တာ ဆို ရင် ပုံ အပြည့်အစုံ ကိုပြန် တင်ပေးပါ။


၁၁။Q;ခင်ဗျား က EPC အကြောင်း၊ စစ်တပ် အကြောင်း အကောင်း တယ်ပြော ပါ့လား ၊
ခင်ဗျား က စစ်တပ်ကလား EPCကလား။ 

A; မဟုတ်ပါ ဘူး ခင်ဗျား၊ကျွန်တော် သာမ က ကျွန်တော့ အမျိုး ထဲမှာတောင် EPC တို့စစ် တပ် ကတို့
မရှိပါ ဘူးဗျာ။ သူ တို့က တစ် ကယ် အလု ပ် လုပ်လို့ လုပ်တဲ့ အကြောင်း ရိုးရိုး သား သား တင်ပေး တာ ပါ။

၁၂။Q; NLD တွေ ဘာ လုပ် နေလဲ။
A; စဖြစ်ခါ စရက်တွေ မှာ သူတို့ ရုံး ထဲ မှာပဲ စုစု ရုံးရုံး လုပ်နေ ပါတယ်။ ကျွန်တော် က မည် သည့်
ပါတီဝ င်မှ မ ဟုတ် လို့ဘာတွေ တိုင်ပင်နေ သလဲဆို တာ မ သိ ပါ။၂၃/၂၄ ၊ရက်တွေ မှာတော့ ဝတ် စုံပြည့် ဝတ်ပြီးကားတွေ အလံတွေ နဲ့ကူညီ ကယ်ဆယ်ရေးတွေ လုပ်ပေးနေ တာကိုတွေ့ပါ တယ်။


၁၃။Q; ပြည်ခို င်ဖြိုး ပါတီ ကရော ဘာတွေ လုပ်ပေးနေ သလဲ။
A; ကျွန်တော် မသိ ဘူးဗျ။

၁၄။Q;  ဆရာ ကပြည် သူ့ခေတ် ဂျာနယ် မှာ ပါတဲ့ သုံးနာရီ နဲ့တာ့မ လုံလောက် ပါတို့၊ ပြည် တွင်းဖြစ် ဆန်ရှင် တို့ အ စ ရှိတဲ့ဆောင်းပါးတွေ ကို အပတ် စဉ်ရေး သားနေတဲ့စာေ ရးဆ ရာဟုတ်ပါသလားရှင့်။

A;ကျွန်တော်က ပြည်တွင်းဖြစ် ဆန်ရှင်၊ သုံးနာ ရီနဲ့တော့ မလုံလောက် ပါဆောင်းပါးတွေ ကိုရေးသား ခဲ့တဲ့ စာရေး သူ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကို ကျွန်တော် စာရေး ဆရာ လို့ဘယ် တုန်းကမှ မခံယူမိ ပါဘူး။ အပတ်စ ဉ်ေ ရး သားေ နတ ယ် ဆို တာ လည်း မဟုတ် ပါဘူး။ ပြည်သူ့ခေတ် ဂျာ နယ်မှာ ဒီနှစ်ပု ဒ်ပဲ ပါဘူး တာ ပါ ခင်ဗျား။ 

၁၅။ Q; ခင်ဗျား က ကု လား လား။
A;မဟုတ် ပါ ဘူး ခင်ဗျား ၊ကျွန်တော် က ဗုဒ္ဓ ဘာသာ၊ ဗမာလူ မျိုး စစ် စစ်ပါ ။
ဒါပေ မယ့် ဗုဒ္ဓ အလို ကျ၊ ဗုဒ္ဓ အ ဆုံး မအ တိုင်း ၊ဗုဒ္ဓချီး မွမ်း မယ့် ဗုဒ္ဓ ဘာ သာ ဝင် တစ်ဦး ဖြစ်အောင် ကြိုး စားနေ သူပါ ခင် ဗျား။

Face book ပေါ်ရှိသူ ငယ်ချင်း၊ မိ ဘ ပြည် သူများ ခင်ဗျား ၊ အခု ကျွန်တော့် ရဲ့ Account ကို Hack မယ်
Report လုပ် မယ် စသ ည့်ဖြင့်ချိမ်းခြောက် နေသော သူများရှိ ပါသဖြင့် friend add အများ အပြားကို
လက်မ ခံ ရဲ တာခွင့်လွှတ် ပါခင်ဗျား။ ဒါအပြင် အကယ်၍သူ တို့ပြောသလို Hack ပြီး လူမျိုးရေး၊ ဘာသာရေးသွေးခွဲ လုံဆော် သည့်စာ များ ပုံများ တင်ပါက ကျွန်တော် လုံး ဝမဟုတ် ပါဟု ကြိုတင် အစီရင်ခံ အပ်ပါ သည် ခင်ဗျား။ ကျွန်တော် က ငြိမ်းချမ်း ရေးကို သာ လိုလားသူ ပါ ခင် ဗျား။ 

ကျန်းမာ၊ချမ်းသာ၊ဝမ်းလည်းသာ၊လန်းဖြာနိုင်ပါစေ။

မင်းသန့်အောင်(မိတ္ထီလာမြို့)။
https://www.facebook.com/minthant.aung.1/posts/2989104142211
From: Min Thant Aung

1 comments:

မောင့်သန့် မင်းက ကိုတိုင်မေးကိုတိုင်ဖြေ ငါတို ဘမာ တွေအဲ မင်းထင်သလောက် မညံ့ ဘူးကွ ဆောက်ရူးကလား ခွေးသား

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်