Sunday, March 24, 2013

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Posted by drmyochit Sunday, March 24, 2013, under | No comments

 ပြည် ထောင် စု ငြိမ်းချမ်း ရေး ဖော် ဆောင်မှု လုပ်ငန်း ကော် မ တီ ဒုတိယ ဥက္က ဌနှ င့် သမ္မ တရုံး ဝန် ကြီှးှ ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင် မင်း က မိတ္ထီ လာမြို့တွင် ဖြစ် ပွား ခဲ့သော အကြမ်း ဖက် မှု များ ကြောင့် မီးလောင် ဆုံးရှုံး ခဲ့သော လူနေ အိမ် များကို ပြန် လည်ဆောက် လုပ်ပေး သွား မည် ဟု ယနေ့ မ နက် တွင် မိတ္ထီ လာမြို့ ခရိုင် အား က စား ကွင်းရှိ ကယ် ဆယ်ရေး စခန်း သို့ရောက် ရှိ စဉ် မီဒီယာ များ သို့ ပြော ကြား သည်။

“အဓိ က ကတော့ နဂို အနေ အထား အမှန် ရောက်အောင် ပြန် လုပ်မယ်၊ နဂို အနေ အထား အမှန် ဆို တာ က နဂို တုန်းက ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ နေကြ ထိုင်ကြ စားကြ သောက်ကြ လုပ်ကြ ကိုင်ကြ။ အဲပုံစံ
အတိုင်း ဖြစ်အောင် ပြန် လုပ် ပေးမှာ၊ မီးလောင် သွားတဲ့ အိမ်တွေ ကိုလည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသောကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး ကိုယ် စား လှယ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင် ဆေကိန္ဒ တို့နှင့် အတူ မိတ္ထီ လာမြို့သို့ ယနေ့ မနက် တွင်ရောက် ရှိ သွားခြင်းဖြစ်ပြီး မန္တ လေး တိုင်း ဒေသကြီး ဝန်ကြီး ချုပ် ဦး ရဲမြင့်၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဗိုလ် ချုပ်ကြီး မြင့်စိုး တို့နှင့် အတူ မိတ္ထီလာမြို့ ခရိုင် အားက စားကွင်း၊ အမှတ်(၁) အခြေခံ ပညာ အထက် တန်းကျောင်းနှင့် သာ သနဝေ ပုလ္လ ကျောင်းတိုက်ရှိ ယာယီ ကယ်ဆယ်ရေး စခန်း များမှ ဒုက္ခသည် များအား သွားရောက်တွေ့ ဆုံ ခဲ့ခြင်း ဖြစ်သည်။

မိတ္ထီ လာမြို့ တွင် မတ်လ (၂ဝ) ရက်နေ့နှင့် (၂၁) ရက်နေ့ တို့ တွင်ဖြစ် ပွားခဲ့ သည့် ပဋိပ က္ခဖြစ် စဉ်ကြောင့် သေ ဆုံး သူ (၃၂) ဦး ရှိ ခဲ့ပြီး အကြမ်း ဖက် ဖျက်ဆီး မှုနှင့် မီးလောင် မှုများကြောင့် ဒုက္ခ သည်
စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းများတွင်နေရာချထားလျက် ရှိကြောင်း ပြန် ကြား ရေး ၀န်ကြီး ဌာနမှ မတ်လ (၂၃)ရက်နေ့ ည (၈)နာရီ သတင်း တွင် ဖော်ပြ ခဲ့သည်။

ထက်နောင်နောင်
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်