Sunday, March 24, 2013

ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေး မှူး ချုပ်၏ အထူး ကိုယ် စား လှယ် မစ္စတာ ဗီဂျေ နမ် ဘီးယား မိတ္ထီလာမြို့၌ ဖွင့် လှစ် ထားသည့် ကယ် ဆယ်ရေး စခန်း များကို လှည့် လည် ကြည့်ရှု

Posted by drmyochit Sunday, March 24, 2013, under | No comments







နေပြည်တော် မတ် ၂၄

မြန်မာ နိုင်ငံတွင်  ရောက်ရှိ နေသော ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ချုပ်၏ အထူး ကိုယ် စား လှယ် မစ္စ တာ ဗီဂျေ နမ်ဘီး ယားသည် သမ္မ တ ရုံး ဝန် ကြီး ဌာန ပြည် ထောင်စု ဝန်ကြီး ဦးအောင်မင်း ၊ ဆရာ တော် ဓမ္မ ဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ နှင့် တာ ဝန် ရှိ သူ များ လိုက် ပါ လျက် ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ် တွင် မန္တ လေးတိုင်း ဒေ သကြီး မိတ္ထီ လာမြို့ မိတ္ထီ လာ လေ တပ် စခန်း ဌာန ချုပ် သို့ XY လေ ယာဉ်ဖြင့် ရောက်ရှိ လာရာ  မန္တ လေးတိုင်း ဒေ သကြီး ဝန်ကြီး ချုပ် ဦးရဲမြင့်၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယ ဝန်ကြီးများ ကကြို ဆိုကြ သည်။

ထို့ နောက် ကုလ သမဂ္ဂ အ ထွေထွေ အတွင်း ရေးမှူး ချုပ်၏ အထူး ကိုယ် စားလှယ် မစ္စ တာ ဗီဂျေ နမ် ဘီး ယား သည် မန္တလေး တိုင်းဒေ သကြီး ဝန်ကြီး ချုပ်၊ ပြည်ထောင် စု ဝန်ကြီးများ၊ ကာကွယ်ရေး ဝန်ကြီး ဌာန မှ ဒုတိ ယ ဗိုလ် ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဝန်ကြီး များနှင့် ဆ ရာတော် ကြီး များနှင့် အတူ မိတ္ထီလာမြို့ ခရိုင် အားကစား ကွင်း၌ ယာယီ ဖွင့် ထားသော ကယ် ဆယ်ရေး စခန်းသို့ ရောက် ရှိကြ ရာ ကယ်ဆယ် ရေး စခန်း၌ ကြို တင် ရောက်ရှိ နေသော အစ္စ လာမ် ဘာသာ ရေး အဖွဲ့ ကြီးမှ ပုဂ္ဂုလ် များက ရင်းရင်း နှီးနှီး နှုတ်ဆက် ကြသည်။

ယင်းနောက် အထူး ကိုယ် စားလှယ် သည် ဒုက္ခ သည် များ အား သိရှိ လို သည် များကို မေးမြန်းပြီး အားပေး စကား ပြောကြားသည်။

ဆက် လက်၍ အထူး ကိုယ် စား လှယ် နှင့် အဖွဲ့ ဝင်များ သည် မိတ္ထီ လာမြို့ အမှတ် (၁) အခြေခံ ပညာ အထက် တန်း ကျောင်း၌ ယာယီ ဖွင့်လှစ် ထားသည့် ကယ် ဆယ်ရေး စခန်း သို့ ရောက် ရှိကြပြီး ဒုက္ခ သည် များအား ဆရာဝန်၊ ဆရာ မများက ကျန်းမာရေး စောင့်ရှောက် ပေးနေမှု ကို ကြည့် ရှုပြီး ဒုက္ခ သည် များအား နေထိုင် စားသောက်မှု အခြေ အနေ များကို မေးမြန်း၍ အာပေး စကားပြော ကြားသည်။

ထို့ နောက် အထူး ကိုယ် စား လှယ်နှင့် အဖွဲ့ ဝင် များ သည် မိတ္ထီ လာမြို့ ပညာရေး ကောလိပ် လေ့ ကျင့်ရေး အလယ် တန်း ကျောင်း၌ ယာယီ ဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေး စခန်း သို့ ရောက် ရှိကြပြီး ဒုက္ခ သည် များအား ရင်းရင်း နှီးနှီး နှုတ် ဆက်၍ နေထိုင် စားသောက် မှု အခြေ အနေ များကို မေးမြန်း သည်။

ယင်း နောက် ကိုယ်စား လှယ်နှင့် အဖွဲ့ ဝင်များသည် မိတ္ထီ လာမြို့၌ ဖြစ် ပွား ခဲ့သည့် ဆူပူ အကြမ်း ဖက်မှု ဖြစ်စဉ် ကြောင့် မီးလောင် ပျက်စီး သွားသော နေအိမ် အဆောက် အအုံ များအား ကြည့် ရှု ကြ သည်။

ဆက်လက် ၍ အထူး ကိုယ် စား လှယ်နှင့် အဖွဲ့ ဝင် များသည် မိတ္ထီ လာမြို့ သာသ နဝေပုလ် လ ကျောင်း တိုက် ၌ ယာယီ ဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ရောက် ရှိကြပြီး ဒုက္ခ သည်များ အား မေးမြန်း ၍ အားပေး စကား ပြော ကြားသည်။

ထို့ ပြင် အထူး ကိုယ် စား လှယ်သည် သာသန ဝေပုလ်လ ကျောင်းတိုက်မှ ဆရာတော် များအား ဆူပူ အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း အခြေ အနေ များ ပြန်လည် တည်ငြိမ် မှု ရှိအောင် ဝိုင်းဝန်း ကူညီ ဆောင် ရွက်ပေး ခဲ့မှုနှင့် ဒုက္ခ သည် များအား ကယ်ဆယ် ရေး စခန်း များသို့ ကူညီ ပို့ ဆောင်ပေး ခဲ့မှု တို့ ပေါ် ကျေး ဇူးတင် ပါကြောင်းဖြင့် လျှောက်ထား ပြော ကြား ခဲ့သည်။

(သတင်းစဉ်)

From: http://goo.gl/3ui8M    (ပြန်ကြားရေးဝန်ကြီးဌာန)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်