Sunday, March 24, 2013

မလိုလားအပ်သော ပဋိပက္ခ အတားအဆီးမျိုးစုံသည် အသွင်ပေါင်းစုံဖြင့် နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်လျက် ရှိရာ ပြည်သူလူထုအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များတွင် ပါဝင်ခြင်း မပြုဘဲ အသိ၊ သတိဖြင့် တားဆီးရန် မေတ္တာရပ်ခံ

Posted by drmyochit Sunday, March 24, 2013, under | No comments


 နေပြည်တော် မတ် ၂၃

ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ် ရေး အဖွဲ့က မတ် ၂၀ ရက် တွင် မိတ္ထီ လာမြို့ ၌ ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက် ၍ သဘော ထား ကြေညာ ချက် တစ်စောင်ကို ထုတ်ပြန် ကြေညာ လိုက်ကြောင်း သိ ရှိရ သည်။
                                                              
ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ် ရေးအဖွဲ့

ပြည်ထောင်စု သမ္မ တမြန် မာ နိုင် ငံတော်

(ဘာသာ အသီးသီးမှ ဘာသာ ဝင်များသို့ မေတ္တာ ရပ်ခံခြင်းနှင့် ဘာသာပေါင်းစုံမှ  သာသနာ့ ခေါင်း ဆောင် များ၏ 
သဘော ထား ကြေ ညာ ချက်)


မန္တလေး တိုင်း ဒေသကြီး၊ မိတ္ထီ လာ မြို့ တွင် မတ်လ ၂၀ ရက် နေ့ က ဖြစ်ပွား ခဲ့သော အရောင်း အဝယ် အငြင်း ပွား မှုမှ အစပြု ကာ ဘာသာရေး အဓိ က ရုဏ်း အသွင် ကျယ်ပြန့် သွားသည့် အရေး ကိစ္စ အပေါ်၌ ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ် ရေး အဖွဲ့မှ သာ သနာ ခေါင်း ဆောင် များမှ ဆုံးရှုံး ထိခိုက် နစ်နာ သွားသူ များ အပေါ် များစွာ ထောက်ထား၊ စာနာ၊ ကရု ဏာ ထား၍ ဤ သဘော ထား ကြေညာ ချက်ကို အတူ တကွ ထုတ်ပြန် ကြေ ညာ အပ် ပါသည်။

၁။  ရှေး ဦးစွာ ဆရာတော်၊ သံဃာတော် အရှင် သူမြတ် များအား ယခုအခါ မိတ္ထီ လာမြို့တွင် ဘာသာရေး ပဋိ ပက္ခ အသွင် ဖြစ်နေသော အရေး ကိစ္စကို ပြေ လည် ပြေ ပျောက် ငြိမ်း ချမ်း သွား စေရန် မေတ္တာ ရှေ့ ထား၍ ကာကွယ် တားဆီး ပဲ့ပြင် ဆုံး မဩ ဝါဒများ ချီးမြှင့် ပေး ပါရန် ရိုသေ လေး စားစွာ လျှောက် ထား အပ် ပါသည် ဘုရား။ တပည့် တော်တို့ ဘက်၌ လည်း အမှား များ ရှိပါက ကျော သား ရင်သား မခွဲခြား ဘဲ ခွင့်လွှတ် ပေးတော် မူ ပါရန် ရိုသေ စွာဖြင့် လျှောက် ထား အပ် ပါသည် ဘုရား။

၂။ နိုင် ငံတော် အစိုး ရ အဖွဲ့ အစည်း များမှ လည်း လုံလောက် သော လုံခြုံ ရေး အစီ အစဉ် များ ချမှတ် ဆောင်ရွက် ပေးကြ ပါရန် နှင့် ဒုက္ခ ရောက် နေကြ သော နှစ် ဖက် ပြည် သူ များကို လုံခြုံ ရေး အကာ အကွယ် များ ဆောင်ရွက်​ ပေးကြ ပါရန်၊ ဥပဒေ ကြောင်းမှ လိုအပ် သလို စစ်ဆေး အရေး ယူ ဆောင် ရွက်ပေး ကြပါ ရန်နှင့် အဆိုပါ ကိစ္စ များကို ဆော လျင်စွာ ဆောင်ရွက် ပေး ကြ ပါရန် အထူး မေတ္တာ ရပ်ခံ အပ် ပါသည်။

၃။  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း နေထိုင်ကြ  သော ဘာသာကြီး (၄)ပါး အပါ အဝင် ဘာသာ ဝင် အသီး သီးမှ မိမိတို့ ဘာသာဝင် အသီး သီးကို ဥပဒေနှင့် အညီ နေ ထိုင် ကြဖို့ ဆုံးမ စကား များကို ပြောကြား ပေးပါ ရန်၊ မေတ္တာကို အခြေ ခံ၍ ငြိမ်းချမ်း စွာ နေထိုင် ကြ ပါ ရန်နှင့် မလို လား အပ်သော ပဋိ ပက္ခ များတွင် ပါဝင် ပတ် သက်မှု မရှိရေး စောင့်ထိန်း ပေးကြ ပါရန် အထူး မေတ္တာ ရပ်ခံ အပ် ပါသည်။

၎။  သတင်း မီဒီ ယာများ၊ စာနယ် ဇင်း များမှ လည်း ပြည်သူ တို့ သိ သင့်သော မှန်ကန် သည့် သတင်း များ ကိုသာ ထုတ်ပြန် ပေးသ ကဲ့သို့ ပဋိပက္ခ ဖြစ်စေ နိုင်သော ကော လာ ဟလ သတင်း များကို တားဆီး ပေးပါရန် မေတ္တာ ရပ်ခံ ပါ သည်။

၅။  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ သည် ဖွံ့ဖြိုး တိုး တက်ခြင်း လမ်း ကြောင်း ပေါ်သို့ ရောက်ရှိ နေပြီ ဖြစ်ရာ မလို လား အပ် သော ပဋိပက္ခ အတား အဆီး မျိုး စုံသည် အသွင် ပေါင်း စုံဖြင့် နိုင်ငံတော် ပျက် စီးရာ ပျက်စီး ကြောင်း လုပ်ဆောင် လျက် ရှိရာ ပြည်သူ လူ ထု အနေ ဖြင့် ဥပဒေမဲ့ လုပ်ရပ် များတွင် ပါဝင်ခြင်း မပြု ဘဲ ကောင်း စွာသော အသိ၊ သတိ များဖြင့် တားဆီး ကြဖို့ မေတ္တာ ရပ်ခံ ပါသည်။

ဦးရွှေ                     ဦးစိန်ဝင်းအောင်    ဦးညွှန့်မောင်သျှိန်           ဒေါက်တာသာဉာဏ်

(ဟိႏၵဴဘာသာ)   (ဗုဒၶဘာသာ)            (အစၥလာမ္ဘာသာ)        (ခရစ္ယာန္ဘာသာ)

နာယက                ဥက္ကဌ                    ဒုတိယဥက္ကဌ                     အတွင်းရေးမှူး


From:    ပြန်ကြားရေးဝန်ကြီးဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်