Wednesday, April 03, 2013

အစာနည်းနည်းစားပြီး စိတ်ကျေနပ်မှုရအောင် သင့်ဦးနှောက်ကို လှည့်စားနည်း လေးသွယ်

Posted by drmyochit Wednesday, April 03, 2013, under | No comments


အစာကို အလွန်အကျွံ စားတာဟာ ကိုယ် အလေး ချိန် တက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါ တယ်။ လေ့ကျင့် ခန်း လုပ်တာကြောင့် လောင်ကျွမ်း မှု မရှိတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်ထဲမှာ အဆီ အဖြစ် သိုလှောင် ထားပါတယ်။ အစာကို လိုတာ ထက် ပိုစားမိတာကြောင့် မလိုလားအပ်တဲ့ ကိုယ် အလေးချိန် ပေါင် အပိုတွေ ရရှိစေ ပါတယ်။ ဒါကြောင့် အစာနည်းနည်း စားရုံနဲ့ စိတ်ကျေနပ်မှု ရရှိစေ ဖို့ သင့်ဦးနှောက်ကို ဘယ် လို လှည့်စား ရမ လဲ ဆိုတာ သိစေ ဖို့ ဖော်ပြပေး လိုက်ပါတယ်။

(၁) ထမင်းပန်းကန်၊ ဇွန်း၊ ပန်းကန်လုံး စသည်တို့ကို ပိုသေးငယ်သော အမျိုးအစား သုံးပါ

ကော်နဲလ် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ထမင်းပန်းကန်၊ ဇွန်းနဲ့ ပန်းကန်လုံးတို့ကို ပိုမို သေးငယ်တဲ့ အရွယ် အစားတွေနဲ့ စားပေးတာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။ လေ့လာမှုမှာ ပါဝင် သူတွေကို ရေခဲမုန့် ကျွေးခဲ့ရာ ပန်းကန်လုံးကြီးကြီးနဲ့ စားသူတွေက သေးငယ်တဲ့ ပန်းကန်လုံးနဲ့ စားသူတွေ ထက် ရေခဲမုန့်ကို ၃၁ ရာခိုင်နှုန်း ပိုစားဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ သေးငယ်တဲ့ ပန်းကန်နဲ့ စားပေးရင် ကယ်လိုရီ နည်းနည်းနဲ့ စိတ်ကျေနပ်မှုကို အမြန်ရရှိစေတာကြောင့်ပါ။

(၂) မသန်သော လက်ဖြင့် သရေစာစားပါ

တီဗီကြည့်ရင်း သရေစာတွေကို အဆက်မပြတ် စားမိတာကြောင့် မလိုလားအပ်တဲ့ ကယ်လိုရီ အပိုတွေကို ရယူမိစေ ပါတယ်။ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှုအရ  ညာသန်သူတွေ အနေနဲ့ အစာကို ညာလက်နဲ့ အဆက်မပြတ် စားတာကြောင့် အစားအစာကို ပိုစားဖြစ်စေပြီး မသန်တဲ့လက် (ဥပမာ- ဘယ်လက်) နဲ့ စားတာကြောင့် သရေစာကို နည်းနည်းစားရုံနဲ့ ကျေနပ်မှု ရရှိစေတယ်လို့ သိရပါ တယ်။

(၃) အစားအစာများကို မမြင်ရလေ၊ စားချင်စိတ် လျော့နည်းလေ

လေ့လာမှုအရ သရေစာကို မြင်နေရပြီး လက်လှမ်းမီနေတဲ့ အနေအထားမျိုးမှာ အစာကို ပိုစားဖြစ်တယ်လို့ သိရပါ တယ်။ လေ့လာမှုအရ အစာကို မြင်နေရတဲ့သူတွေက ၇၀ ရာခိုင်နှုန်း ပိုစားဖြစ်ကြောင်း တွေ့ ရတာကြောင့် သရေစာတွေကို အလုံပိတ်ထားတဲ့ ကြောင်အိမ်ထဲ သိမ်းထားသင့်တယ်လို့ ဆိုပါတယ်။

(၄) ပိန်ရှည်သော ဖန်ခွက်ထဲ ထည့်သောက်ပါ

လေ့လာမှု အရ ကိုယ်အလေးချိန် ထိန်းလိုသူတွေ အနေနဲ့ ခပ်ကျယ်ကျယ် ဖန်ခွက်ထက် ပိန်ပိန်ရှည်ရှည် ဖန်ခွက် ကို သုံးသင့်တယ်လို့ သိရပါတယ်။ ပိန်ပိန်ရှည်ရှည် ဖန်ခွက်ထဲကို ကယ်လိုရီများတဲ့ အရည် ထည့်သောက် ရင် အရည် နည်းနည်းပဲ ထည့်သောက်ဖြစ် တာကြောင့် ကယ်လိုရီ ရရှိမှု လျော့ကျစေ ပါတယ်။

ဇွန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်