Wednesday, April 03, 2013

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော

Posted by drmyochit Wednesday, April 03, 2013, under | No comments


လားရှိုးငြိမ်း ချမ်းရေးဆွေးနွေး ပွဲ၌တွေ့ရသော သျှောင်းဆမ်ခွန်းနှင့် ဦးအောင်မင်း (ဓါတ်ပုံ- SNLD)

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေး စည်း ညီညွတ်ရေး တပ်မတော်မှ တင်ပြတောင်းဆိုသည့် ၀ ပြည် နယ် ထူထောင် ခွင့်ပေးရန်အတွက် အာဏာ မှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင် မင်းက ပြောပါ သည်။“  ဆွေးနွေးပွဲဖွင့် ပွဲရက် မှာဘဲ ဝ ပြည်နယ် ကိုယ်စားလှယ် အဖြစ် တက်ရောက် တဲ့ သျှောင်းဆမ် ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ။  ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင် မင်း နဲ့တွေ့ တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာ ဏာမှ မရှိဘူး။  လွှတ်တော်ထဲ မှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက် သူ တဦး ကပြောသည်။

သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ၏ ပထမ ရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ကိုယ်စား လှယ် အဖြစ်တက် ရောက် သော UWSP / ဒုပြင်ပဆက်ဆံရေးမှူး သျှောင်းဆမ်ခွန်းက “  သီးခြား ၀ ပြည် ထူထော င်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြ တယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။  ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ  ပြောတယ်။  ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ် ” ဟု ပြောဆိုသည့်အပေါ် ဦးအောင် မင်းက တွေ့ ဆုံ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်း လိတ်က- ၀ ပြည်နယ်တောင်းတယ်ဆိုတာ သူ့မှာတောင်းပိုင်ခွင့်ရှိလို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက  ကျနော် တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေ ဖန်ချက်ပေး ဖို့မရှိပါဘူး- ဟုသျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းသို့လည်း  တခြားသော တိုင်းရင်း သားနယ်မြေများကဲ့သို့  မြန်မာအစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန် ဆန္ဒ ရှိကြောင်း    သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆိုပါသည်။

သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွားမည်ဟုဆိုပါသည်။

နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသားမှတ်ပုံတင်မရှိသော ၀ အမျိုးသားများကို ၀ ပြင်ပ ဆက် ဆံရေး ဌာနမှ လက်မှတ်ထုတ်ပေးလျှင်တန့်ယန်းကိုကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော် ပြီး ခဲ့သည့် အပတ်မှစ၍ မြန်မာအာဏာပိုင်များက ပြင်ပ ဆက်ဆံရေး ဌာန လက်မှတ် ကိုင်ဆောင် သူ များဖြတ်သွားခွင့်အား ပိတ်ပင်ခဲ့ကြောင်း ကြားသိရပါသည်။

မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီး ရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင် မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ် စားလှယ် များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။

သျှမ်းသံတော်ဆင့် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်