Wednesday, April 03, 2013

ရွှေအင်းလုပ်ကွက်ထဲက မီးခိုးလိုအငွေ့များကြောင့် လူ ခုနစ်ဦးသေဆုံး

Posted by drmyochit Wednesday, April 03, 2013, under | No comments

ဧပြီ၊ ၃

ရွှေအင်းအတွင်း ဆင်းပြီး အလုပ်လုပ်ရာက မီးခိုးငွေ့တွေထွက်လာ လို့ အောက်ဆီ ဂျင်ပြတ် လပ်ကာ အင်းလုပ် သား ခုနစ်ဦးသေဆုံးမှု ယခုလ ၂၉ ရက် နေ့က မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ နယ် ဒိုးနွယ် ကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က အဲသည်နေ့ နေ့လယ် ၁းဝ၀ နာရီအချိန်မှာ အင်းလုပ်သားငါးဦး အလုပ် လုပ်နေတဲ့ ပေ ၃၀ဝ အနက်ရှိ ရွှေအင်း တွင်းကနေ မီးခိုးအငွေ့တွေထွက်လာတာ ကြောင့် ရွာခံလူငါးဦး ဆင်းကယ်ဖို့ကြိုးစား ရာက အောက်စီဂျင်ပြတ်လပ်ပြီး ထပ်မံလဲ ကျခဲ့ပါတယ်။

တခြားကယ် ဆယ်ရေးအဖွဲ့တွေ ဆင်း ကယ်ရာမှာတော့ ကယ်ဖို့ဆင်းသွားတဲ့ ငါးဦးထဲက သုံးဦးကို သာ အ သက် ရှင်လျက် ကယ်နိုင်ခဲ့ပြီး တွင်း ထဲက လုပ်သားငါးဦး၊ ဆင်းကယ်သူ နှစ်ဦး စုစုပေါင်း ခုနစ်ဦးကို သေ ဆုံး လျက်သာ တွေ့ ရှိခဲ့ရတာကြောင့် တွင်းအပြင်ကို ပြန်သယ်လာခဲ့ရပါတယ်။ သေဆုံး သူခုနစ်ဦီးနဲ့ ပတ် သက်ပြီး လက်ပံ လှရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၃ နဲ့ အမှုဖွင့် ဆောင်ရွက်နေပါ တယ်။

ဒိုးနွယ်ကျေးရွာရဲ့ ရာအိမ်မှူး ဦီးတင် မောင်ထွန်းက “တောမီးလောင်လို့ မီးခိုး ဝင်တယ်လို့ ပြောကြပေမဲ့ မဖြစ်နိုင် ဘူး၊ ခု ဟာက ဘာကြောင့်လဲဆိုတာကို သေချာ တော့ မပြောနိုင်သေးဘူး၊ နေပူရင်တော့ တွင်းထဲ က အဆိပ်ငွေ့တွေ ထွက်လာ တတ်တယ် ပြောနေကြတာပဲ၊ ဆင်းကယ် တဲ့သူတွေ တောင် အငွေ့တွေကြောင့် မူးမူး ပြီး ပြန် တက်လာရတာ”လို့ ပြောပါတယ်။

From: Monywa Times
Author:အေးမွန်ရာပြည့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်