Wednesday, April 03, 2013

၄၈ လမ်း ဗလီမှာ လောင်တဲ့မီး ဘာမီးလဲ

Posted by drmyochit Wednesday, April 03, 2013, under | No comments


ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံ သူ (အသက် ၁၄နှစ်)၊ မောင်မောင် ဇော်၊ မောင်မျိုး အောင်တို့မှ မီးလောင် ကျွမ်းခဲ့ ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြ ခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈ လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင် ကာ လူသေဆုံးမှု၏ အများက စိတ် ၀င်စား နေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟု ဧပြီ လ ၂ရက်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရ သည်။ တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး တို့က ရှင်းလင်း ပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့် စက်ဘေးတွင် အိပ်စက်ခဲ့ ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင် လွန် ခဲ့သော ၂ရက်ခန့်က ရောက်ရှိ လာကြ သော ဘာသာရေးစာသင်မည့် ကလေး ငယ် ၇၀ကျော်ကို အပေါ်ထပ်တွင် ကလေး ၁၃ဦး၊အောက်ထပ်တွင် ကလေး ၅၀ကို ဗလီဆရာ ဇေယျာဖြိုးခေါ်၊ မိုဟာ မက်အူလဟွာ နေရာချထားပေးခဲ့ရာ၊ ဧပြီလ ၂ရက်နေ့ နံနက် ၃နာရီခန့်တွင် မောင်ဝေယံသူအိပ်နေသော နေရာဘေး က မီးအားမြင့်စက်မှ အသံများဆူညံစွာ မြည်လာပြီး မီးခိုးများထွက်လာသော ကြောင့် ဗလီဆရာဇေယျာဖြိုးနှင့် အခြား လူကြီးများကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့် စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်း မီးမသေဘဲ မီးခိုး များ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီး စောင် များကို ဗလီတွင် သန့်ရှင်းရေးဆေးကျော သော ရေအိုးမှ ရေများကို ဆွတ်ပြီး မီးလောင် နေသောနေရာကို အုပ် ခဲ့ကြောင်း၊ မီးအားမြင့်စက်အောက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီး မီးလောင် နေသောကြောင့် စောင်များ ဖြင့်အုပ်သော်လည်း မီးငြိမ်းမသွားဘဲ မီး ခိုးများအူထွက်လာပြီး အပေါ်ထပ်တွင် အိပ်နေကြသော ကလေး ၁၃ဦးလုံး သေ ဆုံးကုန်ကြောင်း၊ အောက်ထပ်မှ ကလေး ၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်း ဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါမှ ဗလီမီးလောင် လူသေဆုံး မှု မှာ သူ၏အမှားမှားအယွင်းယွင်း ဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှကလေး များကို တံခါးသော့ခတ်ထားမိခြင်း မီးငြိမ်းသက် ရာမှ ထွက်လာသောမီးခိုးများကြောင့် အပေါ်ထပ်မှ ကလေး ၁၃ဦး သေဆုံး ကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအား မြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီ မှ ၂၅ကီလို မီးစက်အတွက် လာပို့နေကြ ဒီဇယ်ရောင်း ချသူ ကပို့ထားသော ဒီဇယ် များဖြစ်နေပြီး ပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊ လှေကားအောက်တွင် ထား ခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး ၏ ပေကျံနေသော ဒီဇယ်များမှာ သူထား သောဒီဇယ် များသာဖြစ်နေခြင်း၊  သူခြေချော်လဲသော ဒီဇယ်မှာလည်း ထို ဒီဇယ်များသာဖြစ်နေခြင်း၊ ဖြစ်ပေါ်ခဲ့သော ကြီးမား သည့်ဆိုးကျိုးများ ကို မိမိအပေါ်မကျရောက်စေရန် ဘေးကလာစီစဉ်ထားသလို ထင်ရောင် ထင်မှား စကားများကို လိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့ တွင် ထွက်ဆို ချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှလာရှို့သောမီးမဟုတ်ဘဲ သဘာ ၀အလျှောက် မီးအားမြင့် စက် မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ် ဒီဇယ်များကိုပါ မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း၊ 

မီးခိုးများ အူထွက်လာသောကြောင့် အပေါ်ထက် မှ ကလေးများ မီးခိုးမှိုင်းများ သေဆုံးကုန်ခြင်း ဖြစ်ကြောင်း၊ (အကယ်၍ သာအပြင်က မီးလာရှို့ခြင်း ဆိုလျှင် သော့ခတ်ထားသော တံခါးကို ဒီဇယ်ပုံးက မ၀င်နိုင် ပါကြောင်း၊ ယနေ့ အချိန်ကာလ ရပ်ကွက်တိုင်းတွင် နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန် ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊ မီးရှို့မည်ကို စိုး ရိမ်သောကြောင့် သတိထားနေချိန်မို့ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့ သူသည် ဒီဇယ် ကိုမသုံးပဲ ဓာတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင် မျက်မြင် သက်သေကလေးများ ၏ အဖြစ်မှန်ဖေါ်ထုတ်ပြပေးသော ကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး 

မီးလောင်ဗလီမှ ထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင် ထားသော ဒီဇယ်ပုံးကို သတင်းနှင့် စာနယ် ဇင်းတာ ၀န်ရှိသူ များကို ပြသခဲ့ပါ သည်။ မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကို လည်း ထုတ် ဖေါ်ပြသခဲ့ပါသည်။

ယခုအခါ ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူများ က အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့် မြန်မာနိုင်ငံအပေါ် အထင် အမြင်လွဲမှု များဖြစ်ပေါ်နေရာသတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့် ပြည် သူများကို လည်းကောင်း၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်း အမှန် အတိုင်းတင်ပြ နိုင်ရန် ခေါ်ယူရှင်းလင်းရ ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။


DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်